တစ်နေ့နဲ့တစ်၌ကျမသမီးစံသည် ပျင်းပျင်းရှိသည်နှင့်အီးမေလ်းစစ်ကြည့်လေသော် မေလ်းထဲတွင်စာ တစ်စောင် အားဤ သို့ တွေ့ရလေသည်။“မိစံ အားရင်လိုင်းပေါ်တက်ခဲ့ပါအုံး။ ကူညီတောင်းစရာရှိလို့”ဟူ၏။စာပို့သူနေရာတွင် ကိုရင်ဟူသော နာမည်တစ်ခုအား တွေ့ရလေသည်။ ထိုနာမည် အား တွေ့တွေ့ချင်းပင် မြန်မာမုဒိတာလူငယ်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှန်း သိလိုက်ပါသည်။တစ်ပြိုင်တည်းပင် မင်္ဂလာတောင်ညွှန့်၊စက်ဆန်း မီးဘေးတွင် ငွေအားဒါနဖြင့် အလှူလုပ်ခဲ့ဖူးသောအဖွဲ့ တစ်ဖွဲ့ဖြစ်နေမှန်း တန်းသိလိုက်ပါသည်။လျစ်လျူရှုရန်မဖြစ်နိုင်သောကြောင့် အချိန်အား သည်နှင့် လိုင်းပေါ်တက်မိလေသည်။မြန်မာမုဒိတာအဖွဲ့၏ ဒုတိယမြောက်အလှူအတွက် ကူညီပေးရန် ပြောကြား လာပါသည်။မြန်မာပြည် အလှူရှင်များအတွက် အလှူခံပေးရန်ဟူ၏။လူကြီးများအား ကူညီတောင်းရန် အားနာသည် ဟုလည်းပြော၏။ အလုပ်မရှိဘဲ(ကျောင်းကိစ္စမှလွဲ၍) အားနေသော သမီးစံကို ကူညီပေးရန်ရွေးချယ်လာမှုအပေါ် မအံ့သြမိတော့ဘဲ တတ်နိုင်သမျှ ကူညီပေးရန် လက်ခံလိုက်ပါသည်။မတ်လ(၇)နေ့က ဖြစ်မည်ထင်ပါသည်။အလှူကိစ္စအား လက်ခံပြီးသော် မုဒိတာဆိုဒ်မှာဖော်ပြပေးရန် ဖုန်းနံပါတ်နှင့်အိမ်လိပ်စာ တောင်းပါသည်။
Showing posts with label မရမ်းချောင်း. Show all posts
Showing posts with label မရမ်းချောင်း. Show all posts
Tuesday, 10 April 2012
Monday, 9 April 2012
မရမ်းချောင်းအလှု မှတ်တမ်းဓါတ်ပုံများ(၃)နှင့် အလှုစာရင်းရှင်းတမ်း
အားလုံးမင်္ဂလာပါခင်ဗျား။အလှုရှင်များရဲ့ စေတနာသဒ္ဓါတရားထက်သန်မှုကြောင့် MMYGရဲ့ ဒုတိယအလှုဖြစ်တဲ့ မရမ်းချောင်း အလှုဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပြန်ပါပြီ။အလှုဓါတ်ပုံများကို ကြည့်ရှုရခြင်းအားဖြင့် အလှုရှင်များအနေနဲ့လည်း မိမိတို့ရဲ့အလှုနဲ့ MMYG လူငယ်များရဲ့ ဆောင်ရွက်ခဲ့ပုံကို အတိုင်းအတာတစ်ခုထိ ကျေနပ်နိုင်ကြလိမ့်မယ်၊ ပီတိဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျား။ မရမ်းချောင်းအလှုအတွက် အွန်လိုင်းကနေ အလှုခံကြော်ညာကိုတွေ့ပြီး ယုံကြည်စွာလက်တွဲ လှုဒါန်းပေးခဲ့တဲ့ အလှုရှင်များရဲ့ သဒ္ဒါတရားထက်သန်မှု ၊ MMYG လူငယ်များအပေါ် ယုံကြည်မှုကို ကျွန်တော်တို့အဖွဲ့က အမြဲ မှတ်တမ်းတင်ထားမှာပါ။ဒီနှစ်ထဲမှာမှ စပြီးလုပ်ဖြစ်ခဲ့ကြလို့ တစ်ချို့ နေရာလေးတွေမှာ နည်းနည်း ကို့ရို့ ကားယား နိုင်တာလေးတွေကိုလည်း ခွင့်လွှတ်ပေးစေချင်ပါတယ်။ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့အလှုဟာ နိုင်ငံအရပ်ရပ်က အလှုရှင်တွေရဲ့အလှုပါ။ အဲတာကြောင့် မရမ်းချောင်းအလှုအတွက် နိုင်ငံအရပ်ရပ်မှ အလှုရှင်များအားလုံးအား ကျေးဇူးတင်ကြောင်း ဦးစွာ ပြောပါရစေ။မရမ်းချောင်းအလှုနဲ့ ပါတ်သတ်ပြီး ကျွန်တော်တို့မှာ ထပ်ဆင့်ပြောစရာတွေ အမှတ်တရတွေ တော်တော် များများကျန်ရစ်ခဲ့ပါတယ်။
Sunday, 8 April 2012
မရမ်းချောင်းအလှုပြီးစီးခြင်း မှတ်တမ်းဓါတ်ပုံများနှင့် ဗွီဒီယိုဖိုင်(၂)
ဆက်ပါအုံးမယ်ခင်ဗျား။နှင်းဆီရင်ခွင်အဖွဲ့သားတွေ ပြောသလို ပြောရရင်တော့ မြန်မာပြည်က အလှုဓါတ်ပုံများ ကျွန်တော်တို့ဆီရောက်အောင် ပို့နိုင်ဖို့ “မီးးးးစက် လိုပါတယ်ခင်ဗျား”။တစ်ခုကောင်းရင် တစ်ခု ဆုတ်ယုတ်တဲ့ ဓမ္မတာအရ မီးလည်း လာရော လှည်းတန်းက ဂုံးကျော်တံတားတည်ဆောက် ရာမှာ ဒီနေ့ပဲ မြေတွေတူးတယ်လို့ သိရပြီး အင်တာနက်လိုင်း ထပ်မံပြတ်တောက်ပါတယ်။အကယ်၍ ကျွန်တော်မနက်ဖန်မှာ အလှုစာရင်းရှင်းတမ်း မတင်ပေးနိုင်သေးရင် သည်းခံပြီး ခဏစောင့်ပေးကြပါအုံးလို့ အလှုရှင်များအား မေတ္တာရပ်ပါတယ်။
မရမ်းချောင်း ဧည့်သည်မှတ်တမ်း
Saturday, 7 April 2012
မရမ်းချောင်းအလှုပြီးစီးခြင်း မှတ်တမ်းဓါတ်ပုံများ(၁)
မရမ်းချောင်းဂေဟာအတွက်အလှုလေး လုပ်ကြမယ်လို့ စပြီးတိုင်ပင်တဲ့အချိန်က ကျွန်တော်တို့ရဲ့ ရရှိလာနိုင်တဲ့ အလှုငွေကို ခန့်မှန်းခဲ့ကြရာမှာ ၇သိန်းဝန်းကျင်လောက်ပဲ ဖြစ်ဖို့များတယ်ဆိုပြီး ကျွန်တော်တို့ ကောက်ချက်ချခဲ့ ကြတယ်။အဲ့တာလေးနဲ့ ဆန်အိတ် လေး ငါးအိတ်လောက်ရယ်၊ ၀ှီးချဲလ်လေး နှစ်စီးလောက်ရယ်နဲ့ ပိုတာလေးကို ပဒေသာပင်ထဲထည့်မယ်ဆိုပြီး ဒီအလှုလေးကို အုတ်မြစ်စချတယ်။တကယ်လည်း အလှုခံလို့ပြီးရော ကျွန်တော်တို့ လက်ခံရရှိခဲ့တဲ့ပမာဏက ကနဦး ကျွန်တော်တို့ခန့်မှန်းထားခဲ့တာထက် ခြောက်ဆကျော်လောက် ရရှိခဲ့တယ်။ မရမ်းချောင်းက ဝေဒနာ-ရှင်တွေရဲ့ ကံတရားကောင်းမှုကြောင့်ရယ် နိုင်ငံအရပ်ရပ်က အလှုရှင်တွေရဲ့ တိုင်းတာမရနိုင်တဲ့ သဒ္ဒါတရားတွေကြောင့် ကျွန်တော်တို့ဟာ ဒီအလှုငွေတွေနဲ့ မရမ်းချောင်းဂေဟာရဲ့ လက်ရှိလိုအပ်နေတဲ့ အရာလေးတွေ (ဂေဟာက တောင်းဆိုလာသလောက်အကုန်)ကို ဖြည့်ဆည်းနိုင်ခဲ့ တဲ့အပြင် ပိုလျှံနေတဲ့ အလှုငွေတွေကိုပါ ရာသက်ပန် ပဒေသာပင်ထဲ ထည့်ပေးနိုင်ခဲ့ပါပြီ။စိတ်ကြည်နူးမိတယ်၊ ပီတိဖြစ်မိတယ်ဆိုတာထက် အဆပေါင်းများစွာ ရင်ထဲမှာဖြစ်နေတာကို စာစီပြလို့ မရနိုင်ပါဘူး။မနက်ကလည်း အစောကြီး အလုပ်ထဲကထွက်ပြီး ဒီနေ့မှာ သွားပြီးလှုပေးမဲ့ အဖွဲ့တွေကို မေတ္တာပို့ပြီး ဖုံးဆက်တယ်။သူတို့ တက်ကြွနေတဲ့ အသံတွေကို ကြားမိတော့ ကြက်သီးတွေတောင် ထမိတယ်။
Monday, 2 April 2012
မရမ်းချောင်းအတွက် ရရှိသောအလှုငွေစာရင်းအား အသိပေးခြင်း
အားလုံး မင်္ဂလာပါခင်ဗျား။
ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ ဖောင်ကြီးအလွန်မှာ ရှိတဲ့ မရမ်းချောင်းကျေးရွာ၊ မရမ်းချောင်း အနာကြီးရောသည်များ စောင့်ရှောက်ရေးဂေဟာကို လှုဒါန်းရန်အတွက် ကျွန်တော်တို့ ၈.၃.၂၀၁၂ နေ့မှာ စပြီး အလှုခံခဲ့ပါတယ်ခင်ဗျား။ဗြိတိန်၊ အမေရိကန်၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်နဲ့ မြန်မာနိုင်ငံမှ အလှုရှင် မြောက်များစွာ ပါဝင်လှုဒါန်းကြပြီးနောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားတဲ့ ၃၁.၃.၂၀၁၂ ရက်နေ့အထိ အဆိုပါ နိုင်ငံများမှ စုစုပေါင်း အလှုငွ ၄,၅၁၉,၅၉၇ကျပ် (လေးဆယ့်ငါးသိန်း တစ်သောင်း ကိုးထောင် ငါးရာ ကိုးဆယ့် ခုနစ်ကျပ်တိတိ) ရရှိခဲ့ပါတယ်ခင်ဗျား။နိုင်ငံအသီးသီးမှ အောက်ပါအတိုင်း ရရှိခဲ့ပါတယ်။
Monday, 19 March 2012
တူသောအကျိုး ပေးပါတယ်
ဒီဆောင်းပါး(တရားတော်)ကို အရှင်ဝိမလ၀ံသ (အိန္ဒိယနိုင်ငံ၊ နာလန္ဒာတက္ကသိုလ်)မှ ရေးသားပေးပို့ပါသည်။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
“နူနာရောဂါသည်များ(အနာကြီးရောဂါသည်)အား ပေးလှူကြပါ”
“ယောဘိက္ခဝေ မံ ဥပဌဟေယျ သော ဂိလာနံ ဥပဌဟေယျာတိ”
မြတ်စွာဘုရားရှင် ဆုံးမဟောကြားတော်မူခဲ့တဲ့ အဆုံးအမလေးတစ်ခုရှိပါတယ်။အဲဒါဘာလဲလို့ဆိုတော့ “ ချစ်သားတို့ ငါဘုရားရှင်ကို လုပ်ကျွေးပြုစု -ချင်သောသူသည် ဂိလာနပုဂ္ဂိုလ်တို့အား ပြုစုလုပ်ကျွေးကြကုန်” ဆိုတဲ့ အဆုံးအမလေးပါ။ ဗုဒ္ဓဘာသာဝင်များအနေနဲ့ မိမိတို့ရဲ့ အားကိုးမှီခိုရာဖြစ်တဲ့ အနန္တကျေးဇူးရှင် မြတ်စွာဘုရားရှင်ကို လုပ်ကျွေးချင်ကြပါတယ်။ဒါပေမယ့် မြတ်စွာဘုရားရှင်က ပရိနိဗ္ဗာန်ပြုသွားပြီဆိုတော့ မြတ်စွာဘုရားရှင်ကို ကာယကံမြောက်လုပ်ကျွေးခွင့် မရနိုင်ပါဘူး။မြတ်စွာဘုရားရှင်ကို အမှန်စင်စစ်လုပ်ကျွေးချင်တယ်ဆိုရင်တော့ မြတ်စွာဘုရားဆုံးမထားတဲ့ အဆုံးအမ အတိုင်း ဂိလာနလို့ခေါ်တဲ့ နာမကျန်း မသန်မစွမ်းဖြစ်နေတဲ့ ပုဂ္ဂိုလ်များကို လုပ်ကျွေးကြရပါမယ်။ဒီလို မိမိတတ်နိုင်သလောက် လှူဒါန်းပေးကမ်းခြင်း သည်ပင်လျှင် လုပ်ကျွေးသမှုပြုခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။မြတ်စွာဘုရားရှင်ကိုယ်တိုင်လည်း နာမကျန်းဖြစ်တဲ့ ဂိလာနရဟန်းများကို ကိုယ်တိုင် ပြုစု -စောင့်ရှောက် လုပ်ကျွေးခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ထိုထဲမှ အထင်ရှားဆုံးဝတ္ထုကတော့ ပူတိဂတ္တ တိဿမထေရ် ဝတ္ထုဖြစ်ပါတယ်။
Sunday, 18 March 2012
အလှုရှင်များနဲ့ အလှုရက်
နိုင်ငံအသီးသီးမှ တာဝန်ယူအလှုခံပေးသော သူငယ်ချင်းများနဲ့ အလှုရှင်များအားလုံး မင်္ဂလာပါခင်ဗျား။
မရမ်းချောင်း အနာကြီးရောဂါစောင့်ရှောင့်ရေးဂေဟာရဲ့ လိုအပ်ချက်များအရ ကျွန်တော်တို့အဖွဲ့ဟာ ရရှိလာတဲ့အလှုငွေများကို ၀ှီးချဲလ်၊ ဆန် ၊ဆီ၊ ဆေးနဲ့ အ၀တ်အထည်များကို အချိုးကျလှုဒါန်းမှာ ဖြစ်ပါတယ်ခင်ဗျား။မလိုအပ်တာတွေကို ၀ယ်ယူလှုဒါန်းမိမှာစိုးလို့ တာဝန်ရှိသူကို ကျွန်တော်တို့လှုနိုင်မဲ့ ပမာဏကို ချပြပြီး မေးမြန်းခဲ့ရာ တာဝန်ခံ ဥက္ကဌရဲ့ ပြောပြချက်အရ ၀ှီးချဲလ်များ လိုအပ်တယ်လို့ ဆိုပါတယ်။ အဲဒီအတွက် ရီးရှင်းကုမ္မဏီကို ဆက်သွယ်မေးမြန်းခဲ့ရာ ရိုးရိုးအတွက် ငါးသောင်းငါးထောင်ကျပ်တိတိ၊ အထူးပြုလုပ်ထားတဲ့ ၀ှီးချဲလ်အတွက် ကျပ် တစ်သိန်းတစ်သောင်းလို့ ဆိုပါ တယ်။အဲ့ဒါကြောင့် ကျွန်တော်တော်တို့အနေနဲ့ ရရှိလာတဲ့ ပမာဏပေါ် မူတည်ပြီး ကျပ်ငါးသောင်း ငါးထောင်တန် ၀ှီးချဲလ်များ ၀ယ်လှုမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ၀ှီးချဲလ် လှုဒါန်းလိုသောအလှုရှင်များအနေနဲ့ လှုဒါန်းလိုပါက အားလုံအဆင်ပြေစေရန် တစ်စီးလျင် ငါးသောင်းကျပ်နှုန်းဖြင့် လှုဒါန်း နိုင်ပါတယ်ခင်ဗျား။လိုအပ်တဲ့ပမာဏကို ကျွန်တော်တို့အလှုခံရရှိတဲ့ ပမာဏထဲမှ ဖြည့်စွက်ပေးပြီး ၀ှီးချဲလ်မှာလည်း အလှုရှင်ရဲ့အမည်ကို ရေးထိုးပေးမှာ ဖြစ်ပါတယ်။ ၀ှီးချဲကိစ္စပြီးလျင် တစ်အိတ်လျင် သုံးသောင်းဝန်းကျင် ဆန်အိတ်များ လှုဒါန်းပါမယ်။
Tuesday, 13 March 2012
“ မရမ်းချောင်း ဂေဟာသမိုင်းနှင့် မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်”
“တောင်ဝှေးကြိုးတန်း၊သူမစွမ်းကို၊ မပန်းရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြု”
“မရမ်းချောင်း ကျေးရွာသမိုင်း”
၁၉၈၉ ခုနှစ် ဧပြီလ ၃၀ရက်နေ့မှာ ထောက်ကြံ့ အနာကြီးရောဂါကုဆေးရုံးကို ဖျက်သိမ်းလိုက်ပြီးနောက် ဝေဒနာသည်များကို လှည်းကူးမြို့ နယ် မရမ်းချောင်းကျေးရွာသို့ ပြောင်းရွှေ့ ပေးခဲ့ပါတယ်။ရွှေ့ ပြောင်းကာစက လူဦးရေ (၂၀၀၀) ခန့်ရှိပြီး ဝေဒနာသည်ပေါင်း ကျား/မ (၄၀၀)ကျော် ပါဝင်ခဲ့ပါတယ်။ ကြိုးစားရုန်းကန်ကြရင်း ၁၉၉၃ခုနှစ်မှာ မရမ်းချောင်းလူငယ်များဖြစ်တဲ့
၁။ကိုလှဌေး (လက်ရှိ ဂေဟာ ကျွေးမွေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ)
၂။ကိုသန်းနိုင်ဦး
၃။ဦးသိန်းထွဋ်
၎။ကိုနိုင် (ကွယ်လွန်)
၅။ကိုသောင်းဝင်းဌေး (ကွယ်လွန်)
-တို့မှ ဦးဆောင်ပြီး ပျင်းပျင်းထန်ထန်ခံစားနေရတဲ့ ရောဂါသည် (၁၀၈)ဦးကို သူတို့အစီအစဉ်နဲ့ စတင်စောင့်ရှောက်ခဲ့ပါတယ်။
Subscribe to:
Posts (Atom)


