Showing posts with label ဥဿ. Show all posts
Showing posts with label ဥဿ. Show all posts

Friday, 23 August 2013

အလှုငွေ စုစုပေါင်းအား အသိပေးခြင်းနှင့် စတင်ဆောက်လုပ်ခြင်း (၁)

မုဒိတာရဲ့ အလှုရှင်များအားလုံး မင်္ဂလာပါ..။
ပဲခူးတိုင်း၊ ဥဿမြို့သစ်၊ သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင်း၊ ပေ (၇၀ x ၂၀) ဆောက်လုပ်ရန်အတွက် 13.06.2013၊ ကြာသာပတေးနေ့မှ စတင်ပြီး အလှုခံခဲ့ပါတယ်။အလှုငွေများလက်ခံမှု မပိတ်သိမ်းခင် 28.7.2013၊ တနင်္ဂနွေနေ့မှာတော့ ကျွန်တော်တို့ အဖွဲ့သားများနှင့် အလှုရှင်အချို့  လိုက်ပါပြီး မိုးထဲရေထဲမှာပဲ ကျောင်းဆောက်မဲ့ ဒီနေရာမှာ မှာ ပနက်ချခဲ့ပါတယ်။ 1.8.2013မှာတော့ ဥဿမြို့သစ်အလှုအတွက် အလှုငွေ လက်ခံမှုအား ပိတ်သိမ်းခဲ့ပြီး ပိတ်သိမ်းချိန်အထိ  ရရှိသော နိုင်ငံအရပ်ရပ်မှ စုစုပေါင်း ပမာဏမှာ

Thursday, 13 June 2013

ဥဿဆိုတာ ပစ်ထားလို့မရတဲ့ နေရာ

အားလုံး မင်္ဂလာပါ..။ 
ညီအစ်ကို မောင်နှမများအားလုံး ကျန်းမာပျော်ရွှင်ပါစေလို့ ဦးစွာ ဆုမွန်ကောင်း တောင်းပေးပါတယ်။ ''အသက်တစ်ရာ မနေရဘူး အမှုတစ်ရာ ကြုံရတယ်'' ဆိုတဲ့ အရပ်စကားနဲ့အညီ ဒီအချိန်အခါဟာ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် ၀မ်းနည်းစရာတွေ၊ မကျေနပ်မှုတွေ၊ အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေနဲ့ အားလုံးရဲ့ ရင်တွင်းကိုယ်စီမှာ တောက်ခေါက်သံတွေ ညံနေမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုရင် ခေါင်းဆောင်ကောင်းတွေ မည်မျှရှိနေစေကာမူ နောက်လိုက်တွေ ညံ့ဖျင်းနေကြမယ်၊ ပညာမဲ့နေကြမယ်ဆိုရင် ကျွန်တော်တို့ စိုးရိမ်တဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့ရဲ့ မျိုးဆက်တွေ သေချာပေါက် ခံစားကြရပါလိမ့်မယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခေါင်းဆောင်နိုင်မဲ့သူတွေ ထွက်ပေါ်လာ သင့်သလောက် မထွက်ပေါ်လာဘူးဆိုရင် ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးကဏ္ဍတွေမှာ ချို့ ယွင်းချက်တွေ လစ်ဟာမှုတွေ မပြည့်စုံမှုတွေနဲ့ ပြည့်နှက်နေပြီဆိုတာကို မီးမောင်း ထိုးပြနေသလိုပါပဲ..။