Thursday 10 December 2015

ပြောင်းလဲပေးဖို့ အချိန်တန်ပြီ

၂၀၁၅ခုနှစ်ကတော့ အားလုံးရဲ့ရင်ထဲမှာ ပါးစပ်ဖျားမှာ ပြောစမှတ်တွင်ခဲ့ပြီ။စိတ်သွားတိုင်း ကိုယ်ပါနိုင်ခဲ့ ပြီ။လူအများစုရဲ့ဆန္ဒနဲ့ ဖြစ်တည်မှုတစ်ထပ်တည်း ကျခဲ့ပြီ။ ပြောင်းလဲချိန်တန်ပြီ..ပြောင်းလဲချိန်တန်ပြီနဲ့ ပြောနေလိုက်ကြတာ၊ ကြားနေရတာတွေ နေရာတိုင်းနီးပါး… အိမ်တိုင်းနီးပါး.. တစ်ရပ်ကွက်လုံး... တစ်မြို့လုံး… တစ်နိုင်ငံလုံး ဘယ်နားသွားသွား ဒီအသံတွေချည်းပဲ။ ၀န်နဲ့ အင်အားမျှမှ မျှပါ့မလား တောင် တွေးမိတယ်။ ကျွန်တော်တို့ ဘာတွေကို ပြောင်းလဲကြမလဲ..။ ဘာတွေကို အရင်ဆုံး ပြောင်းလဲ ပေးကြမလဲ။ တကယ်တော့ ပြောင်းလဲဖို့လိုနေတာတွေက ကိုယ်ကိုယ်တိုင်ရော ကိုယ့်ရဲ့ ပတ်ဝန်းကျင် မှာပါ ဒုနဲ့ဒေး။ ပြောင်းလဲဖို့အတွက် ပြောင်းလဲပေးနိုင်တဲ့သူဆီက တောင်းဆိုတာာ သဘာဝကျပေမဲ့ အင်အားနဲ့ဝန် မျှပါ့မလားဆိုတာ တွေးကြည့်ရင် အားနာစရာတော့ကာင်းသား။ အဲ့ဒီလို တောင်းဆို သူတွေထဲမှာ အာခေါင်ကွဲမတတ် အော်ဟစ်ပြီးအကူအညီတောင်းနေတဲ့ အကြောင်းအရာ တစ်ခု တကယ်လည်းပြောင်းလဲပေးဖို့ အချိန်တန်နေတဲ့ နေရာလေးတစ်ခုကို နှလုံးသားနဲ့ခံစားပြီး ကြားလိုသူ တွေအတွက် အသိပေးပါရစေ..။


Friday 6 June 2014

အလှုစာရင်းရှင်းတမ်း

မုဒိတာ အကျိုးတော်ဆောင်များ၊ ထူးဖောင်ဒေးရှင်းနှင့် နိုင်ငံအရပ်ရပ်မှ အလှုရှင်များ အားလုံး မင်္ဂလာပါ။ ပဉ္စမအကြေိမ်မြောက်အလှုဖြစ်သော ၂၃.၈.၂၀၁၃၊သောကြာနေ့မှာ ဆောက်လုပ်ပြီးစီးခဲ့သော ပဲခူးတိုင်း ဒေသကြီး၊ ဥဿမြို့သစ်၊ သဇ္ဇာနာမပညာဇေယျုံ ဘုန်းတော်ကြီးသင် ပညာသင်ကြားရေးကျောင်းအတွက် အလှုခံရရှိသော အလှုငွေ စာရင်းရှင်းတမ်းနှင့် မုဒိတာရဲ့ မဖော်ပြရသေးသော ဆောင်ရွက်ခဲ့မှု အလှုမှတ်တမ်းများ ဖြစ်ပါတယ်။ ကျွန်တော်တို့ Blog မှာသာ မဖော်ပြရသေးပေမဲ့ (facebook စာမျက်နှာတွင်) အချိန် နှင့်တပြေးညီ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ပဉ္စမအကြိမ်မြောက် အဆိုပါ လှုအတွက်   
၁။မန်မာနိုင်ငံ......၃၃,၇၀၅,၀၀၀ ကျပ် (သုံးရာ သုံးဆယ့် ခုနစ်သိန်း  ငါးထောင်ကျပ်)
၂။ဂျပန်နိုင်ငံ............... ၁၉၂,၀၀၀ ယန်း + ၅၀၀၀၀ ကျပ် 
၃။စင်ကာပူနိုင်ငံ............ ၂,၄၅၅ ဒေါ်လာ
၎။မလေးရှားနိုင်ငံ.......... ၄,၁၅၉ ရင်းဂစ်
၅။ထိုင်ဝမ်နိုင်ငံ............. ၉,၃၆၀ ဒေါ်လာ
၆။အင်္ဂလန်နိုင်ငံ............. ၃၄၀ ပေါင်
၇။အမေရိကန်နိုင်ငံ......... ၅၇၀ ဒေါ်လာ
၈။တောင်ကိုရီးယားနိုင်ငံ.... ၇၀,၀၀၀ ၀မ် + ၁၀၀,၀၀၀ ကျပ်
၉။သြစတေးလျနိုင်ငံ ....... ၂၀၀ ဒေါ်လာ 
ရရှိပြီး စုစုပေါင်း မြန်မာကျပ်ငွေ ၄၀,၀၇၁,၁၀၀ ကျပ် ( သိန်း လေးရာ ခုနစ်သောင်း တစ်ထောင့် တစ်ရာကျပ်တိ တိ ) ရရှိပါတယ်။

Thursday 29 May 2014

သတ္တမြောက်ခြေလှမ်း (သို့) ပြိုင်တူတွန်းလျင် ရွေ့ နိုင်ပါသည်

" ပညာမြင့်မှ လူမျိုးတင့်မည်" ဆိုတဲ့ ဆိုရိုးစကားအတိုင်း တိုင်းပြည်တစ်ခုရဲ့ အနာဂတ် သာယာလှပဖို့အတွက်ဆိုရင် ရေရှည် စီမံကိန်းနဲ့ သေချာချမှတ်ဆောင်ရွက်ထားတဲ့ ပညာရေးစနစ်တွေ ခိုင်ခိုင်မာမာရှိဖို့ လိုအပ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက တိုင်းပညာရေးနဲ့ ခရိုင်ပညာရေး ကွာခြားမှု၊ ခရိုင်နဲ့ မြို့နယ်ပညာရေး ကွာခြားမှု၊ မြို့နယ်နဲ့ ကျေးလက်ဒေသပညာရေးကွာခြားမှုတို့က မတန်တဆ ခြားနားနေတာဟာ ဒီနိုင်ငံရဲ့ အနာဂတ်အတွက်တော့ ရင်လေးစရာပါ။ အထူးသဖြင့် မြို့ပြဒေသတွေမှာ စာသင်ကျောင်းတွေ ၊ အထူးသဖြင့် ပုဂ္ဂလိကကျောင်းတွေ တန်းစီ ပြည့်နှက်နေချိန်တွေမှာ ကျေးလက်က ကလေးတွေအတွက် ကျောင်းတက်စရာ ကောင်းကောင်းမရှိ၊ ဆရာ/ဆရာမတွေ လုံလုံလောက်လောက် မရှိတာတွေဟာ မဖြစ်သင့်တဲ့ အနေအထားပါ။ ပုဂ္ဂလိက ကျောင်းတွေ ထွက်ပေါ်လာတာဟာ ၀မ်းမြောက်စရာကောင်းပေမဲ့ ဒီနေ့ လူငယ်အများစု၊ ကျောင်းသားမိဘ အများစုဟာ အစိုးရပညာရေးစနစ်ကိုပဲ အဓိကအားကိုးနေရတယ်ဆိုတာကို မမေ့ပစ်သင့်ပါဘူး။အသေချာဆုံး တစ်ခုကတော့ "ငါ့သားတစ်ယောက်တည်း စာတတ်နေယုံနဲ့ ဒီနိုင်ငံ ပြောင်းလဲတိုးတက်သွားမှာ မဟုတ်ပါဘူး"..။


Thursday 31 October 2013

"အလှုဖိတ်ကြားခြင်း"

မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ အလှုရှင်များရဲ့ စုပေါင်းလှုဒါန်းအားဖြင့် ပဲခူးတိုင်း၊ ဥဿမြို့သစ်၊ သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင်း၊ ပေ (၇၀ x ၂၀) စာသင်ကျောင်းဆောင်ကို Friday, 23 August 2013မှာ ဆောက်လုပ်ခဲ့ရာ အခုဆိုရင် လုံးဝ ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

Sunday 8 September 2013

သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင် ပြီးစီးမှု အခြေအနေ(၂)

စတင် ဆောက်လုပ်ခဲ့တဲ့ အချိန်မှ ရက်(၂၀)အတွင်း ပြီးစီးမှု အနေအထားဖြစ်ပါတယ်။ မျက်နှာကျက်နှင့် တံခါးဘောင်များသာ တပ်ဆင်ဖို့ လိုပါတော့ မယ်..။ အလှုရှင်များ၏ ယုံကြည်စွာ လက်တွဲမှုကို တုန့်ပြန်သောအားဖြင့် အခြေအနေအားလုံးကို အချိန်နဲ့ တပြေးညီ ဆက်လက်ဖော်ပြပါမည်။

ဆောက်လုပ်ဆဲစာသင်ကျောင်းဆောင်နှင့် လက်ရှိ အသုံးပြုဆဲ ကျောင်းဆောင်ဟောင်း ( အလှုရှင်များ ယှဉ်ကြည့်ပြီး မုဒိတာ ပွားနိုင်ပါစေ)

Friday 23 August 2013

အလှုငွေ စုစုပေါင်းအား အသိပေးခြင်းနှင့် စတင်ဆောက်လုပ်ခြင်း (၁)

မုဒိတာရဲ့ အလှုရှင်များအားလုံး မင်္ဂလာပါ..။
ပဲခူးတိုင်း၊ ဥဿမြို့သစ်၊ သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင်း၊ ပေ (၇၀ x ၂၀) ဆောက်လုပ်ရန်အတွက် 13.06.2013၊ ကြာသာပတေးနေ့မှ စတင်ပြီး အလှုခံခဲ့ပါတယ်။အလှုငွေများလက်ခံမှု မပိတ်သိမ်းခင် 28.7.2013၊ တနင်္ဂနွေနေ့မှာတော့ ကျွန်တော်တို့ အဖွဲ့သားများနှင့် အလှုရှင်အချို့  လိုက်ပါပြီး မိုးထဲရေထဲမှာပဲ ကျောင်းဆောက်မဲ့ ဒီနေရာမှာ မှာ ပနက်ချခဲ့ပါတယ်။ 1.8.2013မှာတော့ ဥဿမြို့သစ်အလှုအတွက် အလှုငွေ လက်ခံမှုအား ပိတ်သိမ်းခဲ့ပြီး ပိတ်သိမ်းချိန်အထိ  ရရှိသော နိုင်ငံအရပ်ရပ်မှ စုစုပေါင်း ပမာဏမှာ

Tuesday 30 July 2013

အားလုံးမင်္ဂလာပါ..။
မြန်မာ၊ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ သြစတေးလျ၊ ကိုရီးယားနိုင်ငံတို့မှ အလှုရှင်များရဲ့ စုပေါင်းအင်အားဖြင့် ကျွန်တော်တို့ မြန်မာမုဒိတာလူငယ်များအဖွဲ့ရဲ့ ပဉ္စမမြောက်ခြေလှမ်းကို အောင်မြင်စွာ လှမ်းနိုင်ခဲ့ပြန်ပါပြီ။ အမှတ် (၅/၁၉(အေ))၊ ၃လမ်း၊ ဥသာမြိုသစ်၊ ပဲခူးတိုင်း သဇ္ဇနာမပညာဇေယျုံပရဟိတ(ဘက)ကျောင်းတိုက် စာသင်ကျောင်းဆောင် ပေ (70 x 20 ) ဆောက်လုပ်ရန်အတွက် 13.06.2013၊ ကြာသာပတေးနေ့မှာ စတင်ပြီး အလှုခံခဲ့ရာ အလှုမပိတ်သိမ်းခင် 1.08.2013 ရက်မတိုင်မီအထိ အလှုငွေစုစုပေါင်း သိန်း(၃၈၀) ကျော်ရရှိခဲ့ပြီး 28.07.2013၊ တနင်္ဂနွေနေ့မှာ ကျောင်းပနက်ချပွဲနှင့် ပင့်သံဃာ(၁၀)တို့အား ၀ါဆိုသင်္ကန်းကပ်လှုခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။