Friday 6 June 2014

အလှုစာရင်းရှင်းတမ်း

မုဒိတာ အကျိုးတော်ဆောင်များ၊ ထူးဖောင်ဒေးရှင်းနှင့် နိုင်ငံအရပ်ရပ်မှ အလှုရှင်များ အားလုံး မင်္ဂလာပါ။ ပဉ္စမအကြေိမ်မြောက်အလှုဖြစ်သော ၂၃.၈.၂၀၁၃၊သောကြာနေ့မှာ ဆောက်လုပ်ပြီးစီးခဲ့သော ပဲခူးတိုင်း ဒေသကြီး၊ ဥဿမြို့သစ်၊ သဇ္ဇာနာမပညာဇေယျုံ ဘုန်းတော်ကြီးသင် ပညာသင်ကြားရေးကျောင်းအတွက် အလှုခံရရှိသော အလှုငွေ စာရင်းရှင်းတမ်းနှင့် မုဒိတာရဲ့ မဖော်ပြရသေးသော ဆောင်ရွက်ခဲ့မှု အလှုမှတ်တမ်းများ ဖြစ်ပါတယ်။ ကျွန်တော်တို့ Blog မှာသာ မဖော်ပြရသေးပေမဲ့ (facebook စာမျက်နှာတွင်) အချိန် နှင့်တပြေးညီ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ပဉ္စမအကြိမ်မြောက် အဆိုပါ လှုအတွက်   
၁။မန်မာနိုင်ငံ......၃၃,၇၀၅,၀၀၀ ကျပ် (သုံးရာ သုံးဆယ့် ခုနစ်သိန်း  ငါးထောင်ကျပ်)
၂။ဂျပန်နိုင်ငံ............... ၁၉၂,၀၀၀ ယန်း + ၅၀၀၀၀ ကျပ် 
၃။စင်ကာပူနိုင်ငံ............ ၂,၄၅၅ ဒေါ်လာ
၎။မလေးရှားနိုင်ငံ.......... ၄,၁၅၉ ရင်းဂစ်
၅။ထိုင်ဝမ်နိုင်ငံ............. ၉,၃၆၀ ဒေါ်လာ
၆။အင်္ဂလန်နိုင်ငံ............. ၃၄၀ ပေါင်
၇။အမေရိကန်နိုင်ငံ......... ၅၇၀ ဒေါ်လာ
၈။တောင်ကိုရီးယားနိုင်ငံ.... ၇၀,၀၀၀ ၀မ် + ၁၀၀,၀၀၀ ကျပ်
၉။သြစတေးလျနိုင်ငံ ....... ၂၀၀ ဒေါ်လာ 
ရရှိပြီး စုစုပေါင်း မြန်မာကျပ်ငွေ ၄၀,၀၇၁,၁၀၀ ကျပ် ( သိန်း လေးရာ ခုနစ်သောင်း တစ်ထောင့် တစ်ရာကျပ်တိ တိ ) ရရှိပါတယ်။
ပဲခူးအလှုအတွက် စုစုပေါင်းအလှုငွေ ၁၇,၈၈၁,၁၀၀ ( တစ်ရာ ခုနစ်ဆယ့်ရှစ်သိန်း ရှစ်သောင်း တစ်ထောင် တစ်ရာကျပ်တိတိ) ကုန်ကျခဲ့ပြီး လက်ကျန်အလှုငွေ ၂၂,၁၉၀,၀၀၀  ( နှစ်ရာ နှစ်ဆယ့် တစ်သိန်း ကိုးသောင်းကျပ် တိတိ) ကျန်ရှိခဲ့ပါတယ်။



၁၇,၈၈၁,၁၀၀ ( တစ်ရာ ခုနစ်ဆယ့်ရှစ်သိန်း ရှစ်သောင်း တစ်ထောင် တစ်ရာကျပ်တိတိ) ဖြင့် တည်ဆောက်ခဲ့သော ပဲခူးတိုင်းဒေသကြီး သဇ္ဇာနာမ ပညာဇေယျုံ ဘုန်းတော်ကြီး ပညာသင်ကျာင်း




၁၇,၈၈၁,၁၀၀ ( တစ်ရာ ခုနစ်ဆယ့်ရှစ်သိန်း ရှစ်သောင်း တစ်ထောင် တစ်ရာကျပ်တိတိ) ဖြင့် တည်ဆောက်ခဲ့သော ပဲခူးတိုင်းဒေသကြီး သဇ္ဇာနာမ ပညာဇေယျုံ ဘုန်းတော်ကြီး ပညာသင်ကျာင်း



ရေဘေးအတွက်အလှု

အဆိုပါ ကျောင်းတည်ဆောက်ပြီး လက်ကျန် အလှုငွေ စုစုပေါင်း ( ၂၂,၁၉၀,၀၀၀  ( နှစ်ရာ နှစ်ဆယ့် တစ်သိန်း ကိုးသောင်းကျပ် တိတိ) ထဲမှ နှစ်ပေါင်းလေးဆယ်အတွင်း အဆိုးဝါးဆုံးရေဘေးဒဏ်ကို ခံစားခဲ့ရသော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း စစ်တောင်းမြစ်ရိုးတစ်လျှောက်ရှိ စာသင်ကျောင်းများ ပြုပြင်နိုင်ရန်အတွက် အရှင်တိက္ခသာရ၊ သာသနဓဇဓမ္မာစရိယ၊ BA,MA၊ သီရိလကာင်္ သီတဂူဗုဒ္ဓတက္ကသိုလ်၊ ရန်ကုန်အား ၂၃.၁၁.၂၀၁၃ရက်နေ့တွင် အလှုငွေ ကျပ် ၅၀-သိန်း ( ကျပ် သိန်း ငါးဆယ်တိတိ) လှုဒါန်းခဲ့ပြီး အလှုငွေ ၁၇,၁၉၀,၀၀၀ကျပ် ( တစ်ရာ ခုနစ်ဆယ့် တစ်သိန်း ကိုးသောင်း ကျပ်တိတိ) ဆက်လက် ကျန်ရှိပါတယ်။




 တောင်ငူခရိုင်အတွင်း စစ်တောင်းမြစ်ရိုးတစ်လျှောက်ရှိ စာသင်ကျောင်းများ ပြုပြင်နိုင်ရန်အတွက် ဆရာတော်အား ကျပ် သိန်း (၅၀) လှုဒါန်းခဲ့ပါတယ်။

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်ရပ်ကွက် ရတနာအလင်းရောင်ပရဟိတကျောင်းအတွက် ရေစင်အလှု

အဆိုပါလက်ကျန်အလှုငွေ ၁၇,၁၉၀,၀၀၀ကျပ် ( တစ်ရာ ခုနစ်ဆယ့် တစ်သိန်း ကိုးသောင်း ကျပ်တိတိ)ထဲမှ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် ရပ်ကွက်မှာရှိတဲ့ ရတနာအလင်းရောင် ပရဟိတ ကျောင်းမှာ လိုအပ်နေသော ရေကိစ္စအတွက် ဂါလံ ၂၀၀၀ ဆံ့တဲ့ အမြင့် ( ၆ပေ ၄လက်မ) အကျယ် (၄ပေ ၂လက်မ) ရှိတဲ့ ရေတိုင်ကီနှစ်လုံး (ရေဂါလံ ၄၀၀၀) ၊ ရေတင်နိုင်ဖို့အတွက် မြင်းကောင်ရေ တစ်ကောင်အားရှိတဲ့ pump တစ်လုံးနှင့် (၁၂)ပေ အမြင့်ရှိတဲ့ ရေစင်တစ်ခု ဆောက်လုပ်လှုဒါန်းခဲ့ပြီး စုစုပေါင်း အလှုကျပ်ငွေ (၁၅) သိန်း ကုန်ကျခဲ့ပြီး လက်ကျန် အလှုငွေ ၁၅,၆၉၀,၀၀၀ ကျပ် ( တစ်ရာ ငါးဆယ် ခြောက်သိန်း ကိုးသောင်း ကျပ်တိတိ) ကျန်ရှိပါတယ်။

ကံကြီးအခြေပညာ မူလတန်းကျောင်း
အဆိုပါ လက်ကျန် အလှုငွေ ၁၅,၆၉၀,၀၀၀ ကျပ် ( တစ်ရာ ငါးဆယ် ခြောက်သိန်း ကိုးသောင်း ကျပ်တိတိ) ဖြင့် မြန်မာမုဒိတာ လူငယ်များအဖွဲ့ရဲ့ ဆဌမအကြိမ်မြောက် အလှုကို ဖန်တီးခဲ့ပါတယ်။ လက်ကျန်အလှုငွေများ ရှိနေခြင်းကြောင့် မည်သည့်နိုင်ငံတွင်မှ အလှုထပ်မခံတော့ပဲ ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကံကြီးကျေးရွာ၊ နေပူကုန်းကျေးရွာ၊ ဇီးကုန်းကျေးရွာစတဲ့ ရွာပေါင်း ခြောက်ရွာမှ သူငယ်တန်း မှ စတုတ္ထတန်းအထိ ကျောင်းသား၊ ကျောင်းသူပေါင်း ( ၉၀) ကျော်အတွက် ကံကြီးအခြေခံပညာ မူလတန်းကျောင်းကို ဆောက်လုပ်လှုဒါန်းခဲ့ပါတယ်။ 

ကံကြီး အခြေခံပညာ မူတန်းကျောင်းအတွက် ဆွေးနွေးခဲ့စဉ်
ကံကြီး အခြေခံပညာမူတန်းကျောင်း ကျောင်းဆောင်ပုံစံနှင့် လုပ်ငန်းခွင်


 ကံကြီး အခြေခံပညာမူတန်းကျောင်း တည်ဆောက်ခဲ့စဉ်
 လူအား၊ လှည်းအား၊ ကျွဲနွားများဖြင့် ၀ိုင်းဝန်ကူညီပေးခဲ့ကြသော ကျောင်းသားမိဘ ကျေးရွာသူ ကျေးရွာသားများ
စာသင်ကျောင်းမှာ လုံးဝ အပြီးသတ် ပြီးစီးခဲ့ပါတယ်။

နိုင်ငံအရပ်ရပ်မှ အလှုရှင်များနှင့် ထူးဖောင်ဒေးရှင်း၏ အလှုငွေများဖြင့် မြန်မာမုဒိတာလူငယ်များအဖွဲ့မှ တည်ဆောက်သည်။
 ကျွန်တော်တို့ မတက်ရောက်နိုင်ခဲ့သော ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် နိုင်ငံတော်သို့ ပေးအပ်ခြင်း အခမ်းအနား ( တောင်ငူသို့ ဇာတ်ပွဲကိစ္စ ဖြင့် ရောက်ရှိနေသော ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင်၊ ဇာတ်မင်းသား ဖိုးချစ်မှ မေတ္တာဖြင့် သွားရောက် ကူညီခဲ့ပြီး အလှုငွေများလည်း လှုဒါန်းခဲ့တယ်)
မုဒိတာအဖွဲ့မှ ဆောက်လုပ်လှုဒါန်းခဲ့သော ကံကြီး အခြေခံပညာ မူလတန်းကျောင်း ဖွင့်ပွဲသို့ တက်ရောက် လက်ခံပေးခဲ့သော တောင်ငူခရိုင် ပညာရေးမှုးနှင့် အဖွဲ့

အဆိုပါကျောင်းမှာ ပေ ( ၇၀ x ၃၀ ) ဖြစ်ပြီး စုစုပေါင်း လက်ကျန် အလှုငွေ ၁၅,၆၉၀,၀၀၀ ကျပ် ( တစ်ရာ ငါးဆယ် ခြောက်သိန်း ကိုးသောင်း ကျပ်တိတိ) ဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ ၁၆,၆၄၀,၀၀၀ (တစ်ရာ ခြောက်ဆယ့် ခြောက်သိန်း လေးသောင်း ) ကုန်ကျခဲ့ကာ အဆိုပါ လိုအပ်ငွေအတွက် အလှုရှင်များထံသို့ အလှုမခံခဲ့ပဲ မုဒိတာအဖွဲ့ဝင်များဖြစ်သော

(၁) အရှင်ဇနက .........................................၅သောင်း
(၂) ကိုကိုမောင်( ပန်းရနံ့)..............................၅သောင်း
(၃)ဦးကျော်သာ + ဒေါ်ဝေေ၀လွင်....................၅သောင်း
(၄)ဗိုလ်မှုးမင်းတလထော + ဒေါ်ခင်သက်ဝေ......၅သောင်း
(၅)၁၉၈၀ ဒဂုံကျောင်းသားဟောင်းများ..............၁ သိန်း
(၆)ဦးကျော်သက်ညွန့်...................................၁သိန်း
(၇)ဗညားရှိန် (လင်းခေတ်ဒီနို) ........................ ၁ သိန်း
(၈)ကိုမင်းအေရာ၊ မောင်ဘုန်း၊ တင်မောင်လွင်၊မောင်ဌေးမင်းနှင့် မလေးမှ ညီအစ်ကိုများ.. ၃သိန်း
(၉)ဦးတင်အေး ဒေါ်ကျင်အေး၊ (သမီး) မသီရိသက်ဝေ မိသားစု ....... ၁.၅ သိန်း

တို့ လိုအပ်သော အလှုငွေ ၉၅၀၀၀၀ ကျပ်တိတိ အား ထည့်ဝင် လှုဒါန်းကာ အလှုကို ပြီးမြောက်စေခဲ့ပါတယ်ခင်ဗျား..။ 

အထက်ပါ အလှုငွေစုစုပေါင်း ၄၀,၀၇၁,၁၀၀ ကျပ် ( သိန်း လေးရာ ခုနစ်သောင်း တစ်ထောင့် တစ်ရာကျပ်တိ တိ )အား 
၁။ပဲခူးတိုင်း၊ ဥဿမြို့သစ် သဇ္ဇာနာမပညာဇေယျုံကျောင်းအတွက် ..... ၁၇,၈၈၁,၁၀၀ ကျပ်တိတိ
၂။တောင်ငူ ရေဘေးသင့်ဒေသအတွက်.................................၅,၀၀၀,၀၀၀ ကျပ် (သိန်း ငါးဆယ်တိတိ)
၃။မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်ရပ်ကွက် ရတနာအလင်းရောင်ပရဟိတကျောင်းအတွက် ရေစင်အလှု ... (၁,၅၀၀,၀၀၀) ကျပ်တိတိ
၎။ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကံကြီးအခြေခံပညာ မူတန်းကျောင်းအတွက်... ၁၅,၆၉၀,၀၀၀ ကျပ်တိတိ တို့ဖြင့် အလှုငွေ အားလုံးတို့အား လှုဒါန်းပြီး ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ခင်ဗျား..။

ကျွန်တော်တို့ရဲ့ သတ္တမမြောက်အကြိမ်အတွက် လက်ကျန်အလှုငွေ လုံးဝမရှိတော့ပဲ မုဒိတာအလှုရှင်များ၏ စုပေါင်းအားဖြင့်သာ လုပ်ဆောင်ရမည်ဖြစ်ပါသောကြောင့် ယခုအကြိမ်တွင်လည်း ယုံကြည်စွာ ပါဝင် လက်တွဲကြလိမ့်ဦးမယ်ဆိုတာ ချွင်းချက်မရှိ ယုံကြည်ပါတယ်ခင်ဗျား..။

မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်။
မြန်မာမုဒိတာလူငယ်များအဖွဲ့ ( M.M.Y.G)
၆.၆.၂၀၁၄၊ သောကြာနေ့






No comments: