Thursday 10 December 2015

ပြောင်းလဲပေးဖို့ အချိန်တန်ပြီ

၂၀၁၅ခုနှစ်ကတော့ အားလုံးရဲ့ရင်ထဲမှာ ပါးစပ်ဖျားမှာ ပြောစမှတ်တွင်ခဲ့ပြီ။စိတ်သွားတိုင်း ကိုယ်ပါနိုင်ခဲ့ ပြီ။လူအများစုရဲ့ဆန္ဒနဲ့ ဖြစ်တည်မှုတစ်ထပ်တည်း ကျခဲ့ပြီ။ ပြောင်းလဲချိန်တန်ပြီ..ပြောင်းလဲချိန်တန်ပြီနဲ့ ပြောနေလိုက်ကြတာ၊ ကြားနေရတာတွေ နေရာတိုင်းနီးပါး… အိမ်တိုင်းနီးပါး.. တစ်ရပ်ကွက်လုံး... တစ်မြို့လုံး… တစ်နိုင်ငံလုံး ဘယ်နားသွားသွား ဒီအသံတွေချည်းပဲ။ ၀န်နဲ့ အင်အားမျှမှ မျှပါ့မလား တောင် တွေးမိတယ်။ ကျွန်တော်တို့ ဘာတွေကို ပြောင်းလဲကြမလဲ..။ ဘာတွေကို အရင်ဆုံး ပြောင်းလဲ ပေးကြမလဲ။ တကယ်တော့ ပြောင်းလဲဖို့လိုနေတာတွေက ကိုယ်ကိုယ်တိုင်ရော ကိုယ့်ရဲ့ ပတ်ဝန်းကျင် မှာပါ ဒုနဲ့ဒေး။ ပြောင်းလဲဖို့အတွက် ပြောင်းလဲပေးနိုင်တဲ့သူဆီက တောင်းဆိုတာာ သဘာဝကျပေမဲ့ အင်အားနဲ့ဝန် မျှပါ့မလားဆိုတာ တွေးကြည့်ရင် အားနာစရာတော့ကာင်းသား။ အဲ့ဒီလို တောင်းဆို သူတွေထဲမှာ အာခေါင်ကွဲမတတ် အော်ဟစ်ပြီးအကူအညီတောင်းနေတဲ့ အကြောင်းအရာ တစ်ခု တကယ်လည်းပြောင်းလဲပေးဖို့ အချိန်တန်နေတဲ့ နေရာလေးတစ်ခုကို နှလုံးသားနဲ့ခံစားပြီး ကြားလိုသူ တွေအတွက် အသိပေးပါရစေ..။


ဆွာမြို့နယ်နဲ့ရေတာရှည်မြို့ရဲ့ကြား အနောက်ဘက် (၂၁)မိုင်လောက်အထိ ဝေးတဲ့ နေရာမှာ ၀က်ခေါက်စိန်ဆိုတဲ့ ကျေးတောရွာလေးတစ်ရွာရှိတယ်။အဲ့ဒီရွာမှာ နှစ်ပေါင်း ၂၈နှစ်အတွင်း ပညာတတ် ဆိုလို့ အခုလက်ရှိ ဂျီတီအိုင်တက်နေတဲ့ ၂၁နှစ်အရွယ် ကျောင်းသားလေးတစ်ယောက်ပဲရှိတယ်။ စာသင်ကျောင်းဆိုတာကလည်း အဖြစ်လောက်သာရှိပြီး ကျောင်းသား (၁၇၈)ယောက်အတွက် မလုံလောက်ပါဘူး။ အဲ့ဒီကျေးရွာမှာ တောင်ယာလယ်လုပ်မိသားစုတွေသာ များတာကြောင့် တစ်ကြောင်း၊ မူလတန်းအဆင့် အောင်ပြီးရင် အလယ်တန်း၊အထက်တန်းအဆင့်ကို တက်ရောက်ဖို့ရန် အလှမ်းဝေးလွန်းတာကြောင့် တစ်ကြောင်း စတဲ့ အကြောင်းအမျိုးမျိုးနဲ့ မျက်စိနားပိတ်နေခဲ့တာ ဆယ်စုနှစ်သုံးစုခန့်အထိ ရှိခဲ့ပါပြီ။ ရွာကိုရောက်ရှိရန် တောင်ပူစာနှစ်လုံးနှင့် ချောင်းရိုးတစ်ခုကို ဖြစ်ကျော်ရသော သွားလာရေးခက်ခဲသည့် ထိုဒေသသို့ ပညာရေးဌာနမှ လွန်ခဲ့သော(၃)နှစ်ခန့်က အခြေခံပညာ မူလတန်းလွန်ကျောင်းအထိ ခွင့်ပြုပေးခဲ့ပါတယ်။ လက်ရှိတွင် ၀က်ခေါက်စိန်ကျေးရွာ အုပ်စုမှ ကျေးရွာသူ ကျေးရွာသာများ စုပေါင်းပြီး ပေ (၃၀ x ၆၀) အုတ်မြစ်ချကာ ယာယီအမိုးကာပြီး ကျောင်းသားကျောင်းသူ(၁၇၈)ယောက်အတွက် ကျောင်းအဖြစ် အသုံးပြုနေခဲ့ သည်မှာ (၂)နှစ်ရှိခဲ့ပြီး ဖြစ်ပါတယ်။ မိုးရာသီတွင် အလွန်ဒုက္ခရောက်ပြီး ဘုန်းကြီးကျောင်းအောက်သို့လည်းကောင်း၊ ရွာထဲရှိနေအိမ်အချို့ တွင်လည်းကောင်း၊ ခေါ်ယူသင်ကြားကြပါသည်။ ထိုကျေးရွာမှ ဂျီတီအိုင်တက် နေသော ကျောင်းသားလေးမှ အဖြစ်မှန်ကိုပြောပြကာ မြန်မာမုဒိတာလူငယ်များအဖွဲ့သို့ အကူအညီ တောင်းလာပါတယ်။


ကျွန်တော်တို့ သွားရောက်စုံစမ်းကြည့်သောအခါ ဟုတ်မှန်နေတာကို တွေ့ရှိရပါတယ်။ အဲ့တာ ကြောင့် ထိုဒေသလေးအား ပညာတတ်အသိုက်အမြုံလေးလေး တစ်ခုဖြစ်အောင် ပြောင်းလဲပေးဖို့ရန်အတွက် ပြောင်းလဲဖို့တာစူနေကြသော စေတနာရှင် မိဘပြည်သူများအား လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။ ပေ (၃၀ x ၆၀ ) ထိုကျောင်းလေးကို ပြုပြင်တည်ဆောက်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ အကျိုးဆောင်များ၏ စေ့ဆော်မှုဖြင့် နိုင်ငံအသီးသီးမှ စေတနာရှင် မိဘ၊ ပြည်သူ၊ ညီအစ်ကို၊မောင်မှမများအား အသိပေးအပ်ပါသည်။


ထိုမူလတန်းလွန်ကျောင်းအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ
(၁)အုဋ်လုံးရေ (၂၅၀၀၀) x ၅၅ ကျပ်(တစ်လုံးကျသင့်ငွေ) = ၁,၃၇၅,၀၀၀ ကျပ်
၂)ဘိလပ်မြေအိတ်ရေ (၁၈၀) x ၅၀၀၀ ကျပ်( တစ်အိတ်ကျသင့်ငွေ) = ၉၀၀,၀၀၀ ကျပ်
(၃)ဘိလပ်မြေသယ်စရိတ်( ၁၈၀) x ၈၀၀ ကျပ်(တစ်အိတ်ကျသင့်ငွေ)= ၁၄၄,၀၀၀ ကျပ်
(၄)သစ် (မျက်နှာကျက်ပါ) ၆တန် x ၆၂၀၀၀၀ ကျပ် (တစ်တန်ကျသင့်ငွေ)=၃,၇၂၀,၀၀၀ကျပ်
(၅)မျက်နှာကျက်ကျောက်းပြား (၁၅၀) x ၈၀၀ ကျပ် (တစ်ချပ်ကျသင့်ငွေ)=၁၂၀,၀၀၀ ကျပ်
(၆)ဆေး ( သုတ်ဆေးပုံးကြီး) (၄) x ၂၅၀၀၀ ကျပ် ( တစ်ပုံး ကျသင့်ငွေ)= ၁၀၀,၀၀၀ ကျပ်
(၅)လက်သမားခ ( ဆောက်၊ မျက်နှာကျက်၊ ဆေးသုတ် စုစုပေါင်းအတွက်) = ၁၅… ၁၇၀၀,၀၀၀ ကျပ်


စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် ( ၈၀) နှင့် (၈၅)သိန်းကြား ကုန်ကျနိုင်ပါသည်။ အလှုငွေ ရရှိသည့်အပေါ်မူတည်ပြီး အရေးကြီးသည့်အရာ၊ အရေးမကြီးသည့်အရာများအား အတိုးအလျှော့ ပြုလုပ်သွားမည်ဖြစ်ပါသည်။ နည်းသည်များသည် သတ်မှတ်မထားပဲ အနည်းဆုံးပမာဏအဖြစ်
(၁)အုဋ်ခဲ (၁၀)လုံးလျင် ၅၅၀ ကျပ်ဖြင့် လည်းကောင်း၊
(၂)ဘိလပ်မြေတစ်အိတ်လျင် ၅၀၀၀ ကျပ်လည်းကောင်း၊
(၃) မျက်နှာကျက်ကျောက်ပြားတစ်ချပ်လျင် ၈၀၀ကျပ် နှုန်းဖြင့်လည်းကောင်း၊
(၄)ဆေးတစ်ပုံးလျင် ၂၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊
တစ်နိင်တစ်ပိုင် လှုဒါန်းနိုင်သည့်အကြောင်း သတင်းကောင်းပါးရင်း ၀က်ခေါက်စိန်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း ပြုပြင်ဆောက်လုပ် ရန်အတွက် အလှုခံကာလအား ယနေ့ ( ၁၀.၁၂.၂၀၁၅) ရက်နေ့မှ (၁၀.၂.၂၀၁၆)ရက်နေ့အထိ သတ်မှတ်ပါထားပြီး သက်ဆိုင်ရာနိုင်ငံအလိုက် အောက်ပါ အကျိုးဆောင်များထံသို့ ဆက်သွယ် လှုဒါန်း နိုင်သည့်အကြောင်း လေးစားစွာဖြင့် မေတ္တာရပ်ခံ အကူအညီတောင်းအပ်ပါသည်ခင်ဗျား..။


မြန်မာနိုင်ငံအတွက် ဆက်သွယ်ရန်


ဒေါ်အိအိစိုး ( Feel Restaurant)
+95 95152 463


ဦးကျော်စွာစိုးမြတ်
+95 94421059827


ဂျပန်နိုင်ငံအတွက် ဆက်သွယ်ရန်
ဒေါ်ဇင်မြတ်စိုး
+81 803389 8255


စင်ကာပူနိုင်ငံအတွက် ဆက်သွယ်ရန်
၁။ဒေါ်ကန်ဒီခိုင် +65 9660 2694


၂။ဒေါ်ဆွေဆွေမြင့်
+65 9653 7703


အမေရိကန်နိုင်ငံအတွက် ဆက်သွယ်ရန်
Simon Winthein
(626) 329--3866


မလေးရှားနိုင်ငံအတွက် ဆက်သွယ်ရန်
မောင်ဘုန်း
+601137946874


မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်။
မြန်မာမုဒိတာ လူငယ်များအဖွဲ့
mmyg.mudita@gmail.com
https://www.facebook.com/mudita.mmyg
https://www.facebook.com/Myanmar-Mudita-Youth-Group-254820984613199/




No comments: