Sunday 18 March 2012

အလှုရှင်များနဲ့ အလှုရက်


နိုင်ငံအသီးသီးမှ တာဝန်ယူအလှုခံပေးသော သူငယ်ချင်းများနဲ့ အလှုရှင်များအားလုံး မင်္ဂလာပါခင်ဗျား။

မရမ်းချောင်း အနာကြီးရောဂါစောင့်ရှောင့်ရေးဂေဟာရဲ့ လိုအပ်ချက်များအရ ကျွန်တော်တို့အဖွဲ့ဟာ ရရှိလာတဲ့အလှုငွေများကို ၀ှီးချဲလ်၊ ဆန် ၊ဆီ၊ ဆေးနဲ့ အ၀တ်အထည်များကို အချိုးကျလှုဒါန်းမှာ ဖြစ်ပါတယ်ခင်ဗျား။မလိုအပ်တာတွေကို ၀ယ်ယူလှုဒါန်းမိမှာစိုးလို့ တာဝန်ရှိသူကို ကျွန်တော်တို့လှုနိုင်မဲ့ ပမာဏကို ချပြပြီး မေးမြန်းခဲ့ရာ တာဝန်ခံ ဥက္ကဌရဲ့ ပြောပြချက်အရ ၀ှီးချဲလ်များ လိုအပ်တယ်လို့ ဆိုပါတယ်။ အဲဒီအတွက် ရီးရှင်းကုမ္မဏီကို ဆက်သွယ်မေးမြန်းခဲ့ရာ ရိုးရိုးအတွက် ငါးသောင်းငါးထောင်ကျပ်တိတိ၊ အထူးပြုလုပ်ထားတဲ့ ၀ှီးချဲလ်အတွက် ကျပ် တစ်သိန်းတစ်သောင်းလို့ ဆိုပါ တယ်။အဲ့ဒါကြောင့် ကျွန်တော်တော်တို့အနေနဲ့ ရရှိလာတဲ့ ပမာဏပေါ် မူတည်ပြီး ကျပ်ငါးသောင်း ငါးထောင်တန် ၀ှီးချဲလ်များ ၀ယ်လှုမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ၀ှီးချဲလ် လှုဒါန်းလိုသောအလှုရှင်များအနေနဲ့  လှုဒါန်းလိုပါက အားလုံအဆင်ပြေစေရန် တစ်စီးလျင် ငါးသောင်းကျပ်နှုန်းဖြင့် လှုဒါန်း နိုင်ပါတယ်ခင်ဗျား။လိုအပ်တဲ့ပမာဏကို ကျွန်တော်တို့အလှုခံရရှိတဲ့ ပမာဏထဲမှ ဖြည့်စွက်ပေးပြီး ၀ှီးချဲလ်မှာလည်း အလှုရှင်ရဲ့အမည်ကို ရေးထိုးပေးမှာ ဖြစ်ပါတယ်။ ၀ှီးချဲကိစ္စပြီးလျင် တစ်အိတ်လျင် သုံးသောင်းဝန်းကျင် ဆန်အိတ်များ လှုဒါန်းပါမယ်။

ဝှီးချဲလ်နဲ့ ဆန်ဝယ်အပြီးမှာ ပိုတဲ့ အလှုငွေပမာဏထဲမှ ရာခိုင်နှုန်းအချို့ ကို ပိုတဲ့ပမာဏအပေါ် မူတည်ပြီး မရမ်းချောင်း အနာကြီးရောသည် -စောင့်ရှောက်ရေးဂေဟာရဲ့ ရာသက်ပန် ပဒေသာပင်ထဲကို လှုဒါန်းပေးမှာ ဖြစ်ပါတယ်။ကျွန်တော်တို့အဖွဲ့နဲ့အတူ အလှုရှင်များ အားလုံးရဲ့ အလှုဟာ ရာသက်ပန်ကုသိုလ် ဖြစ်နေစေဖို့အတွက်ပါခင်ဗျား။ပဒေသာပင်ထည့်ဝင်အပြီး ပိုနေတဲ့အလှုငွေထဲမှ မရမ်းချောင်းဂေဟာမှ စာရင်းပေးထားသော ဆေး၊ စားသုံဆီနဲ့ အ၀တ်အထည်များကို ထပ်မံဝယ်ယူ လှုဒါန်းမှာဖြစ်ပါတယ်။သွားရောက်လှုဒါန်းမည့်နေ့မှာ ဂေဟာမှ အနာကြီးရောဂါသည် ဝေဒနာရှင်များနဲ့ လိုက်ပါဆောင်ရွက်မဲ့ အလှုရှင် လူကြီး၊လူငယ်များအတွက် အမေရိကားနှင့် မြန်မာနိုင်ငံမှ အလှုရှင် နှစ်ဦးတို့မှ လူဦးရေ ၂၀၀ အရေအတွက် ဒံပါက် အကျွေးအမွေးဖြင့် ကုသိုလ်ပြုမှာ ဖြစ်ပါတယ်။
 
နောက် ၀ယ်ယူထားသော ၀ှီးချဲများ၊ ဆန်၊ ဆီ၊ ဆေး၊ စသော အလှုပစ္စည်းများ တင်ဆောင်ရန်၊ အလှုရှင်များ လိုက်ပါနိုင်ရန် ကားနှစ်စီး လိုအပ်ပါ တယ်ခင်ဗျား။လိုအပ်သောကားအခက်အခဲအတွက် မက်ဖန်ဖောင်ဒေးရှင်းမှ လူ၁၅ဦးခန့်ဆန့်သော တောင်းအေ့ခ်ျယာဉ်တစ်စီးကို ဆီဖိုးသာ ကုန်ကျမည့် ပမာဏဖြင့် ကူညီပေးပါမယ်ခင်ဗျား။နောက်ထပ်ယာဉ်တစ်စီးအား အလှုရှင် ဒေါ်အိအိစိုးမှ ဒိုင်နာယာဉ်တစ်စီးကို မေတ္တာဖြင့် ကူညီပါမယ်ခင်ဗျား။

ပဒေသာပင်ထည့်ဝင်မည့် အလှုငွေမှလွဲပြီး ကျန်တဲ့ အလှုပစ္စည်းများဟာ မရမ်းချောင်းဂေဟာ မှ ပြောပြတဲ့ လိုအပ်တာများသာ ဖြစ်ပါတယ်ခင်ဗျား။ 

လှုဒါန်းမဲ့ရက်ကို ဧပြီလ၆ရက်၊သောကြာနေ့အဖြစ် သတ်မှတ်ပါတယ်ခင်ဗျား။ထို့ကြောင့် အလှုငွေများကို မြန်မာနိုင်ငံမှ ကိုကျော်စွာစိုးမြတ်ထံ ၂.၄.၂၀၁၂ ရက်နေ့ နောက်ဆုံးထားပြီး ကျွန်တော်တို့ပေးပို့မှာ ဖြစ်ပါတယ်။သင်္ကြန်ရက်နဲ့ နီးကပ်နေတဲ့အတွက် အဲဒီရက်ထက်ကျော်ရင် မြန်မာနိုင်ငံ မှ ဆောင်ရွက်ပေးမဲ့ လှုငယ်များအတွက် အခက်အခဲရှိနိုင်တာကို နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။


အလှုရှင်များအနေနဲ့ ၂.၄.၂၀၁၂ရက်နေ့အထိ ပါဝင်လှုဒါန်းနိုင်ပါတယ်ခင်ဗျား။ကျွန်တော်တို့နဲ့ လိုက်ပါပြီး မိမိတို့အစီအစဉ်နဲ့ လှုဒါန်းမည်ဆိုလျင်လည်း ကျွန်တော်တို့ကို လှုဒါန်းမဲ့ရက်မတိုင်မီ ဆက်သွယ်ပေးစေလိုပါတယ်။နောက်ထပ် ထပ်မံ ပါဝင်လှုဒါန်းကြလိမ့်ဦးမယ်ဆိုတာ ယုံကြည်နေပါတယ်ခင်ဗျား။ ကျွန်တော်တို့ ခက်ခက်ခဲခဲရှာဖွေထားတဲ့ အသက်ရှင်ခွင့်တွေကို တတ်နိုင်သလောက် ပြန်လည်မျှဝေကြအုံးစို့လားခင်ဗျား။

ကိုဆောင်းဦးရဲ့ သီချင်းထဲက စာသားတစ်ချို့ လိုပါပဲ..။
“လောကကြီးရဲ့ တစ်ထောင့်တစ်နေရာ..
တာဝန်ကိုယ်စီ ထမ်းရွက်ကြတဲ့အချိန်များမှာ..
ကိုယ့်ကိုယ်ကျိုးလည်း ရှိပါစေကွာ..သူများတွေအတွက်လည်း ငဲ့ညှာပါ..
ယုံကြည်ပါတယ် သူငယ်ချင်းတို့စိတ်ဓါတ်တွေ မွန်မြတ်တာ…”
............................
ယနေ့အချိန်ထိ မရမ်းချောင်းအတွက် အလှုခံရရှိသော စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်ခင်ဗျား။

ဗြိတိန်မှ ပါဝင် လှုဒါန်းကြသူများ
၁။အရှင်ဇနက (အင်္ဂါမောင်)
၅၀ ပေါင်
၂။ကိုကိုမောင် (ပန်းရနံ့)
၅၀ ပေါင်
၃။ဒေါက်တာလှစိုး + ဒေါ်ဝေေ၀လွင်စိုး
၅၀ ပေါင်
၎။ကိုကို ညီညီ (လန်ဒန်)
၄၅ ပေါင်
၅။အရှင်နာဂသေန (ဘာမင်ဂမ်)
၂၀ ပေါင်
၆။ဦးစိန်ဌေး + ဒေါ်ဆွေဆွေဦး (ဘာမင်ဂမ်)
၂၀ ပေါင်
၇။ဦးတင်အောင် မိသားစု (လန်ဒန်)
၂၀ ပေါင်
၈။မောင်နေလင်းအောင်(လန်ဒန်)
၁၀ ပေါင်
၉။မောင်အောင်မျိုးသန့် (လန်ဒန်)
၁၀ ပေါင်
၁၀။မသီတာထွန်း (လန်ဒန်)
၁၀ ပေါင်
စုစုပေါင်း လက်ခံရရှိဆဲ အလှုငွေ
၂၈၅ ပေါင်

အမေရိကန်နိုင်ငံမှ ပါဝင်လှုဒါန်းကြသူများ

၁။ဦးတင်ရှိန် + ဒေါ်ချိုချိုရီ မိသားစု
၁၀၀ ဒေါ်လာ
၂။မနှင်းပွင့်
၁၀၀ ဒေါ်လာ
၃။မစန်းထွန်း
 ၃၀ ဒေါ်လာ
စုစုပေါင်းလက်ခံရရှိဆဲ အလှုငွေ
၂၃၀ ဒေါ်လာ

စင်ကာပူနိုင်ငံမှ ပါဝင်လှုဒါန်းကြသူများ

၁။ကိုညိမ်းနိုင်
၂၀၀ ဒေါ်လာ
၂။မခိုင်ခိုင်
၁၈၀ ဒေါ်လာ (၀ှီးချဲလ် နှစ်စီး)
၃။မဆွေမွန်ဦး
၁၀၀ ဒေါ်လာ
၎။သဇင်ထက်အောင် ၊ မိုးမြင့်သူ
၁၀၀ ဒေါ်လာ
၅။နိုင်ချစ်စိန်+မိအုန်းရီ ၊သမီး မိမြစန္ဒာ
၁၀၀ ဒေါ်လာ
၆။ကိုအောင်ချို+မသန္တာဝင်း
 ၈၀ ဒေါ်လာ
၇။အိပ်ယာ
 ၅၀ ဒေါ်လာ
၈။ကိုဘိုသောင်း+မအိန္ဒြာနီလာ
 ၅၀ ဒေါ်လာ
၉။မဖြူဖြူသန့်
 ၅၀ ဒေါ်လာ
၁၀။ကိုရင်+မဒမ်ကိုး
 ၅၀ ဒေါ်လာ
၁၁။မနီလာ
 ၅၀ ဒေါ်လာ
၁၂။စေတနာရှင်တစ်ဦး
 ၅၀ ဒေါ်လာ
၁၃။မသင်းသီတာနွယ်
 ၅၀ ဒေါ်လာ
၁၄။မစုသဲဖြူ+မလွင်လွင်ခိုင်
 ၅၀ ဒေါ်လာ
၁၅။မယဉ်
 ၃၀ ဒေါ်လာ
၁၆။စေတနာရှင်တစ်ဦးနှင့် မမြစန္ဒာ
 ၃၀ ဒေါ်လာ
၁၇။ကိုဇော်မျိုး+မ၀င်းမာထွေး
 ၂၅ ဒေါ်လာ
၁၈။ကန်ဒီခိုင်
 ၁၅ ဒေါ်လာ
၁၉။မစုစုလှိုင်
 ၁၀ ဒေါ်လာ
၂၀။မကော့ဆွမ် @ အားရှန်
 ၁၀ ဒေါ်လာ
၂၁။မရတနာ
 ၁၀ ဒေါ်လာ
၂၂။မခင်ယုယုလှိုင်
 ၁၀ ဒေါ်လာ
စုစုပေါင်း လက်ခံရရှိဆဲအလှုငွေ
၁၃၀၀ ဒေါ်လာ (စင်ကာပူဒေါ်လာ)

မလေးရှားနိုင်ငံမှ ပါဝင်လှုဒါန်းကြသူများ

၁။ဇင်ငြိမ်းဦး
၁၀၀ ရင်းဂစ်
၂။နွေတေးရှင် @ မင်းဧရာ
၁၀၀ ရင်းဂစ်
၃။မောင်ဘုန်း+ကောင်းကင်ဖြူ
၁၀၀ ရင်းဂစ်
၎။ကိုရင်+မဒမ်ကိုး
၁၀၀ ရင်းဂစ်
၅။မိုးဇက်
 ၅၀ ရင်းဂစ်
၆။ကိုဖြိုးသူအောင်
 ၂၀ ရင်းဂစ်
၇။ကိုမျိုးသူအောင်
 ၂၀ ရင်းဂစ်
၈။ကိုစောဘီလူး
 ၂၀ ရင်းဂစ်
၉။ကိုအေးချမ်း
 ၁၅ ရင်းဂစ်
၁၀။ကိုကရင်
 ၁၀ ရင်းဂစ်
၁၁။ကိုပြည့်ဖြိုး
 ၁၀ ရင်းဂစ်
၁၂။ကိုသာအေး
 ၁၀ ရင်းဂစ်
၁၃။ကိုကြည်မြင့်
 ၁၀ ရင်းဂစ်
၁၄။ကိုနေမျိုးထိုက်
 ၁၀ ရင်းဂစ်
၁၅။ကိုသိန်းထွန်း
 ၁၀ ရင်းဂစ်
၁၆။ကိုစိုးငယ်
 ၁၀ ရင်းဂစ်
၁၇။ကိုဖိုးချို
 ၁၀ ရင်းဂစ်
၁၈။ကိုသက်နိုင်ဦး
 ၁၀ ရင်းဂစ်
၁၉။ကိုရဲမင်းစိုး
 ၁၀ ရင်းဂစ်
၂၀။ကိုကျော်သူ
 ၁၀ ရင်းဂစ်
၂၁။ကိုမြတ်ဘုန်းအောင်
 ၁၀ ရင်းဂစ်
၂၂။ကိုပေါက်စ
   ၅ ရင်းဂစ်
စုစုပေါင်း လက်ခံရရှိဆဲအလှုငွေ
၆၅၀ ရင်းဂစ်

ထိုင်ဝမ်နိုင်ငံမှ လှုဒါန်းသူများ
၁။မသဇင်ဟန်၊ မယုယုဟန် မိသားစု
၃၀၀၀ ဒေါ်လာ (TWN)
၂၊မသိန်းသိန်းအေး
၁၀၀၀ ဒေါ်လာ (TWN)
၃။မမြတ်မွန်နှင့် သူငယ်ချင်းများ
၁၀၀၀ ဒေါ်လာ (TWN)
စုစုပေါင်း လက်ခံရရှိဆဲ ပမာဏ
၅၀၀၀ ဒေါ်လာ (TWN)
 
ဂျပန်နိုင်ငံမှ လှုဒါန်းကြသူများ
၁။မခင်ချိုဝင်း
၁၀၀၀ ယမ်း
၂။မနီနီလွင်
၁၀၀၀ ယမ်း
၃။မကြည်ကြည်လွင်
၁၀၀၀ ယမ်း
၎။မဇာခြည်လင်း
၁၀၀၀ ယမ်း
၅။မရီနာ
၁၀၀၀ ယမ်း
၆။မမီမီသန်းဌေး
၅၅၀၀၀ ကျပ် (၀ှီးချဲလ် တစ်စီး)
စုစုပေါင်း လက်ခံရရှိဆဲ အလှုငွေ
၅၀၀၀ ယမ်း + ၅၅၀၀၀ ကျပ်
 
မြန်မာနိုင်ငံမှ ပါဝင်လှုဒါန်းကြသူများ
၁။ဒေါ်အိအိစိုး
၂၀၀,၀၀၀ ကျပ်
၂။အလွမ်းမြို့ 
  ၃၅,၀၀၀ ကျပ်
၃။သမီးစံ
  ၁၀,၀၀၀ ကျပ်
စုစုပေါင်းလက်ခံရရှိထားဆဲ အလှုငွေ
၂၄၅,၀၀၀ ကျပ်

အိန္ဒိယနိုင်ငံမှ ပါဝင်လှုဒါန်းကြသူများ
၁။အရှင်ဝိမလ
၁၀၀ ဒေါ်လာ (US)
၂၊အရှင်သုဇာတ
၈၀,၀၀၀ ကျပ်
စုစုပေါင်းလက်ခံရှိသော အလှုငွေ
  ၁၀၀ ဒေါ်လာ + ၈၀,၀၀၀ ကျပ်

ထပ်မံရရှိပါက အလှုရှင်များအား ထပ်မံဖော်ပြပါမယ်။
လေးစားစွာဖြင့်
MMYG ကိုယ်စား
ကိုရင်
15:49 ( GMT)

1 comment:

Anonymous said...

ဦးလေးရေ..သားတို့ ဆီက သူငယ်ချင်းတစ်စုအလှုငွေအတွက် မေးပို့ ပေးလိုက်မယ်နော်