Sunday 5 August 2012

မေတ္တာနဲ့ လွန်းမဲ့ကြိုး


စပါးဝါရွှေ၊ ၀င်းပါစေ
 ပန်းတွေသင်းပါစေ
ငှက်ကလေးတွေ မိုးတိမ်ကြား
 ပျံနိုင်ကြစေသား
နေရောင်ခြည်လည်း ဖွေးပါစေ
 လေပြေ အေးပါစေ
ချစ်မိတ်ဆွေ ပေါင်းဖော်များ ကျန်းမာကြစေသား

အို..အို..အို
ပန်းကလေးများပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း.. 
အဲ့ဒီဆုတောင်းကဗျာလေးကို ကလေးငယ်တွေ ပျော်ရွှင်စွာနဲ့ ရွတ်ဆိုကြတဲ့အသံကိုကြားတိုင်း ကျွန်တော်တို့တွေရဲ့ နှလုံးအိမ်တွေ ပျော့ပြောင်းလာစမြဲ မဟုတ်လား..။မေတ္တာတရားနဲ့ အတိပြီးတဲ့ကမ္ဘာကြီးကို တည်ဆောက်မယ်ဆိုရင် ကလေးငယ်လေးတွေမှာ ပညာရည်မြင့်မားဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေ ထူးချွန်ထက်မြတ်နေဖို့ လိုအပ်ပါလိမ့်မယ်။

နိုင်ငံရဲ့ အနာဂတ်သားကောင်း၊ သမီးကောင်းများစွာ ပါဝင်နေနိုင်ပြီး လက်ရှိ ပညာသင်နှစ်မှာ ကလေးငယ် (၃၀၀)ကျော် ပညာသင်ကြားပေးနေတဲ့ သာယာကုန်းရွာ ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်းအတွက် လိုအပ်နေတဲ့ ကျောင်းဆောင် ဆောက်လုပ်လှုဒါန်းနိုင်ဖို့ လှုဒါန်းထားကြသော -ကျောင်းဒကာ၊ ကျောင်းအမများမှာ အောက်ပါအတိုင်းဖြစ်ပြီး သတ်မှတ်ထားသော အလှုပိတ်ရက်မှာ အလွန်နီးကပ်လာပြီဖြစ်ကြောင်း အလှုရှင် များအား ထပ်မံ အသိပေး နှိုးဆော်အပ်ပါတယ်ခင်ဗျား..။

မိမိတို့ချွေးနဲစာထဲမှ တတ်နိုင်သလောက် မျှဝေလိုက်ယုံဖြင့် ကျောင်းဒကာ ဒကာမအဖြစ်ခံယူလို့ ရနိုင်မဲ့ အခွင့်အရေးအား မြန်မာမုဒိတာလူငယ်များ အဖွဲ့နှင့် အမြန်ပူးပေါင်းပြီး ရယူလိုက်ပါ။

the donor list

လေးစားစွာဖြင့်
ကိုရင်
21:01(GMT)

No comments: