Monday 28 January 2013

မုဒိတာ တစ်နှစ်ပြည့်

မုဒိတာအဖွဲ့သားများအားလုံး မင်္ဂလာပါခင်ဗျား..။
၂၀၁၂ခုနှစ် ဇန်န၀ါရီလ တစ်ရက်နေ့က အစပြုခဲ့တဲ့ မြန်မာမုဒိတာလူငယ်များအဖွဲ့ဟာ အခုဆိုရင် တစ်နှစ်ပြည့်ခဲ့ပါပြီ။တစ်နှစ်ဆိုတဲ့အချိန်ကာလဟာ လည်ပြန်လှည့်ကြည့်တော့ မျက်စိတမှိတ်သာကြာတဲ့ အခိုက်အတန့်ဖြစ်ပေမဲ့ ငယ်ရွယ်သေးတဲ့ သက်တမ်းသာရှိတဲ့ မုဒိတာအဖွဲ့ရဲ့ တစ်နှစ်တာ ဖြတ်သန်းမှုကတော့ မုဒိတာကို ကိုယ်စားပြုနေတဲ့သူတွေအတွက်၊ မုဒိတာနဲ့ လက်တွဲ လှုဒါန်းခဲ့တဲ့သူတွေအတွက်တော့ ကြည်နူးစရာတွေ အပြည့်နှင့် ဖြစ်လို့နေပါတယ်..။

ဒီတစ်နှစ်အတွင်း မုဒိတာအဖွဲ့အနေနဲ့ ဇန်န၀ါရီလတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းအရပ် ပေါက်ကွဲမှုအတွက်တစ်ကြိမ်၊ ဧပရယ်လတွင်  မရမ်းချောင်း အနာကြီးရောဂါသည်များ စောက်ရှောက်ရေးဂေဟာသို့တစ်ကြိမ်၊ သန်လျင်မြို့ သာယာကုန်း ဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်း မုဒိတာကျောင်းဆောင်အတွက် တစ်ကြိမ်၊ အလှုစုစုပေါင်း သုံးကြိမ်ခန့် ပြုလုပ်နိုင်ခဲ့တယ်။
အလှုငွေအားဖြင့် 
၁။စက်ဆန်းအရပ် ပေါက်ကွဲမှုအတွက် ၂,၁၂၁,၆၂၅ ကျပ်တိတိ (နှစ်ဆယ့်တစ်သိန်း နှစ်သောင်း တစ်ထောင် ခြောက်ရာ နှစ့်ဆယ့်ငါးကျပ်တိတိ )
၂။မရမ်းချောင်းဂေဟာအတွက် ၄,၅၁၉,၅၉၇ကျပ် (လေးဆယ့်ငါးသိန်း တစ်သောင်း ကိုးထောင် ငါးရာ ကိုးဆယ့် ခုနစ်ကျပ်တိတိ)  
၃။သာယာကုန်း ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်း၊ မုဒိတာကျောင်းဆောင်အတွက် ၁၁,၈၆၉,၃၀၀ ကျပ် (တစ်ရာ တစ်ဆယ့် ရှစ်သိန်း ခြောက်သောင်း ကိုးထောင် သုံးရာကျပ်တိတိ)
တစ်နှစ်အတွင်း စုစုပေါင်းအလှုငွေ ၁၈,၅၁၀,၅၂၂.၅၀ ကျပ်တိတိ ( တစ်ရာ ရှစ်ဆယ် ငါးသိန်း တစ်သောင်း ငါးရာ နှစ်ဆယ် နှစ်ကျပ် ငါးဆယ်ပြား တိတိ) လှုဒါန်းနိုင်ခဲ့ပါတယ်။
 အလှုပုံရိပ်အချို့ 
MMYG အဖွဲ့သား၊အဖွဲ့သူတွေရဲ့ လှုပ်ရှားမှုပုံရိပ်အချို့ 

ဒီတစ်နှစ်အတွင်းမှာ ယူခုလို လှုတန်းနိုင်းအောင် သုံးကြိမ်လုံး ယုံကြည်စိတ်ချစွာ လက်တွဲ လှုဒါန်းခဲ့တဲ့ အလှုရှင် အားလုံးကို ကျေးဇူးအထူး တင်ရှိ ပါတယ်။အလှုသုံးကြိမ်အတွက် အလှုရှင်တစ်ဦးချင်းစီကိုလည်း သေချာမှတ်တမ်း ပြုထားပါတယ်။အလှုရှင်တွေ သဒ္ဒါတရားထက်သန်လာအောင် နှိုးဆော် အလှုခံပေးခဲ့ကြတဲ့ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင်၊ မြန်မာနိုင်ငံတို့မှ အကျိုးတော်ဆောင်တွေဖြစ်တဲ့ ကိုကိုမောင်(ပန်းရနံ့)၊ လင်းခေတ်ဒီနို(ဗညား)၊ နေ၀သန်(အိုအေစစ်)၊ ကျော်စွာစိုးမြတ်(Andrew)၊ အိကု(မျောလွင့်တိမ်)၊ မဒမ်ကိုး၊ မင်းဧရာ (နွေတေးရှင်)၊ လွင်ပြင်လှိုင်းငယ်၊ စံပယ်ချို၊ မိုးဇက်၊ မောင်ဘုန်း(ကောင်းကင်ဖြူ)၊ ဒုတိယလူ၊ မောင်(စွယ်စုံကျမ်း)၊ ဂျယ်ရီပစ်ပစ်(ခံစားမှုသံစဉ်)၊ ဒေါ်အိအိစိုး(ရွှေအိမုန့်ဟင်းခါး)၊ သမီးစံ တို့အားလည်း အထူးကျေးဇူးတင်ရှိပါတယ်။အကြိမ်တိုင်း ကိုယ်ထိလက်ရောက် ပါဝင်လှုဒါန်းပေးခဲ့တဲ့ ညီစိုးနဲ့ သူငယ်ချင်းများ၊ မရမ်းချောင်းအလှုမှစတင်ပြီး ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ အဘီးနဲ့ သူငယ်ချင်းများ အားလုံး အားလုံးကို MMYG တစ်နှစ်ပြည့် အတွက် လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုပါတယ်..။
ဒီလူတွေရဲ့ ပေါင်းစည်းအားဖြင့် မြန်မာမုဒိတာလူငယ်များအဖွဲ့ (MMYG) ဆက်လက် တည့်တံ့နိုင်ပါစေ.. 

မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်..။
မြန်မာမုဒိတာ လူငယ်များအဖွဲ့ ( MMYG )
28.1.2013 
08:57 (GMT)









No comments: