Tuesday 13 March 2012

“ မရမ်းချောင်း ဂေဟာသမိုင်းနှင့် မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်”

“တောင်ဝှေးကြိုးတန်း၊သူမစွမ်းကို၊ မပန်းရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြု”
HTML tutorial
“မရမ်းချောင်း ကျေးရွာသမိုင်း” 
၁၉၈၉ ခုနှစ် ဧပြီလ ၃၀ရက်နေ့မှာ ထောက်ကြံ့ အနာကြီးရောဂါကုဆေးရုံးကို ဖျက်သိမ်းလိုက်ပြီးနောက် ဝေဒနာသည်များကို လှည်းကူးမြို့ နယ် မရမ်းချောင်းကျေးရွာသို့ ပြောင်းရွှေ့ ပေးခဲ့ပါတယ်။ရွှေ့ ပြောင်းကာစက လူဦးရေ (၂၀၀၀) ခန့်ရှိပြီး ဝေဒနာသည်ပေါင်း ကျား/မ (၄၀၀)ကျော် ပါဝင်ခဲ့ပါတယ်။ ကြိုးစားရုန်းကန်ကြရင်း ၁၉၉၃ခုနှစ်မှာ မရမ်းချောင်းလူငယ်များဖြစ်တဲ့
၁။ကိုလှဌေး (လက်ရှိ ဂေဟာ ကျွေးမွေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ)
၂။ကိုသန်းနိုင်ဦး
၃။ဦးသိန်းထွဋ်
၎။ကိုနိုင် (ကွယ်လွန်)
၅။ကိုသောင်းဝင်းဌေး (ကွယ်လွန်) 
-တို့မှ ဦးဆောင်ပြီး ပျင်းပျင်းထန်ထန်ခံစားနေရတဲ့ ရောဂါသည် (၁၀၈)ဦးကို သူတို့အစီအစဉ်နဲ့ စတင်စောင့်ရှောက်ခဲ့ပါတယ်။


၁၉၉၅ခုနှစ် အရောက်မှာတော့  ရန်ပုံငွေ အခက်အခဲများကြောင့် ဆက်လက်ထောက်ပံ့ရန် မတတ်နိုင်ကြတော့ပဲ နိုင်ငံတော်ထံမှာ အခက်အခဲတွေကို စာရေးသားတင်ပြကာ အကူအညီတောင်းခံခဲ့ ကြပါတယ်။အကူအညီတောင်းခံပြီး (၂)နှစ်အကြာ ၁၉၉၇ခုနှစ်မှာ ၀န်ကြီးဌာနပေါင်းစုံရဲ့ ပံ့ပိုးမှုဖြင့် မေတ္တာ ပရဟိတဂေဟာလေးကို စတင်အုပ်မြစ်ချပေးခဲ့ပါတယ်။၂၀၀၀ပြည့်နှစ် ဇွန်လ ၂၄ရက်မှာတော့ အတွင်းရေးမှုး(၂) ဗိုလ်ချုပ်ကြီးတင်ဦးကိုယ်တိုင် လာရောက်ပြီး ဖွင့်လှစ်ပေးပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်သို့ လွှဲပြောင်းပေးခဲ့ပါတယ်။

လက်ရှိဂေဟာမှ စောင့်ရှောက်ထားတဲ့ ဝေဒနာရှင် ကျား/မ စုစုပေါင်း (၁၀၃) ဦးရှိပြီး ကလေးငယ်စုစုပေါင်း ကျား/မ (၂၁)ဦး ရှိပါတယ်။အဆိုပါ ကလေးငယ်တွေဟာ ပထမတန်းမှ ဆဌမတန်းအထိ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြပါတယ်။

မရမ်းချောင်းကျေးရွာမှာတော့ စုစုပေါင်းအိမ်ချေ (၃၉၀) ရှိပြီး လူဦးရေ ကျား/မပေါင်း (၁၅၀၀)ခန့်ရှိကာ သူငယ်တန်းမှ ဒဿမတန်းအထိ ကျောင်းသား ဦးရေ (၄၁၇)ဦး အတိ ရှိပါတယ်။ယခုနှစ် တက္ကသိုဝင်တန်း စာမေးပွဲဖြေဆိုမဲ့ ကျောင်းသာ/သူ စုစုပေါင်း (၂၆) ဦးအတိ ရှိနေပါတယ်။

“မရမ်းချောင်း အနာကြီးရောဂါစောင့်ရှောက်ရေးဂေဟာ”
အဲဒီမရမ်းချောင်းအနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာဆိုတဲ့နေရာကို လွန်ခဲ့တဲ့တစ်နှစ်နီးပါးဝန်းကျင်မှာ ကျွန်တော် စသိခဲ့ပါတယ်။သိတဲ့ အချိန်ကစပြီး အဲဒီနေရာကို လှုဒါန်းချင်ခဲ့တယ်။သေချာ ထပ်ပြီး စုံစမ်းကြည့်တော့ အဲဒီနေရာဟာ တကယ့်ကို အကူအညီလိုအပ်တဲ့နေရာတစ်ခုဆိုတာ ပိုသိလာခဲ့ရတယ်။ ပိုသိလာလေ အဲဒီနေရာကို လှုဒါန်းလိုစိတ် ပိုမိုပြင်းပြလေ ဖြစ်လာခဲ့တယ်။အဲဒီအချိန်ကလည်း ကျွန်တော်တို့ရဲ့ MMYG အဖွဲ့လေး ဖွဲ့စည်းရခြင်းမရှိသေးပါဘူး။ကိုယ်တိုင်က ရုန်းကန်နေရတဲ့ အလုပ်သမားတစ်ယောက် ဖြစ်တာကြောင့် များများသားသား လှုဒါန်းဖို့ဆိုတာလည်း မဖြစ်နိုင်ခဲ့ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေရာကို တတ်နိုင်သလောက်လှုမယ်ဆိုပြီး ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။

ကျွန်တော်ဟာ ဒီနိုင်ငံက တစ်လကို လေးကြိမ် ထုတ်ဝေတဲ့ဂျာနယ်တစ်စောင်မှာ စာဝင်ရေးရင်း အဲဒီဂျာနယ်က ပြန်ပြီးချီးမြှင့်တဲ့ စာမူခ (200 RM) ကို ကျွန်တော် ၂၀၁၁ နှစ်ဝက်လောက်ကစပြီး လှုဒါန်းခဲ့ပါတယ်။နောက်ပိုင်း မင်္ဂလာတောင်ညွန့် ပေါက်ကွဲမှုဖြစ်တော့ အွန်လိုင်းမှာ ညီအစ်ကိုတွေလို ခင်နေပြီးဖြစ်တဲ့ ကိုကိုမောင်(ပန်းရနံ့)၊ ကိုငြိမ်းနိုင်၊ ဗညား(လင်းခေတ်ဒီနို)၊ လွင်ပြင်လှိုင်းငယ်၊ ဇင်ငြိမ်းဦး(မြန်မာအိုင်တီနန်းတော်)၊ မောင်(စွယ်စုံကျမ်း)၊ ဂျယ်ရီပစ်ပစ် ၊ကျော်စွာစိုးမြတ် (အင်ဒရူး) တို့နဲ့တိုင်ပင်ပြီး ဒီအဖွဲ့လေးကို ကောက်ကာငင်ကာ ထလုပ်ပြီး နိုင်ငံအရပ်ရပ်က အလှုရှင်တွေနဲ့ ကျွန်တော်တို့ အလှုငွေ (နှစ်ဆယ့်တစ်သိန်းတိတိ) လှုဒါန်းနိုင်ခဲ့ပါတယ်။

အဲဒီလှုဒါန်းမှုအပြီးမှာ အားလုံးရဲ့စိတ်ထဲမှာ တပြိုင်တည်းခံစားဖြစ်တည်သွားတာက “ငါတို့သည် ဒီတစ်ကြိမ်တည်းနဲ့ ရပ်တန့်နေ မှာ မဟုတ်တော့ဘူး” ဆိုတဲ့ အသိလေးတစ်ခုပါ။ပထမအကြိမ်အလှုပြီး နှစ်လအကြာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက “သင်္ကြန်မတိုင်ခင် ဒီနေရာလေးမှာ လှုချင် တယ်”ဆိုပြီး တိုင်ပင်တော့ အားလုံးက တစ်ညီတစ်ညွတ်တည်း သဘောတူကြတယ်။ကိုညိမ်းနိုင် မြန်မာပြည်ကို ပြန်တော့ အဲဒီနေရာကို လူကိုယ်တိုင် သွားရောက်ခဲ့ပြီး လိုအပ်ချက်တွေကို လေ့လာခဲ့ပါတယ်။အဲ့ဒီအချိန်ကျမှ သိလိုက်တာက မရမ်းချောင်းဂေဟာ ဟာ ကျွန်တော်တို့ထင်ထားတာထက် အကူအညီလိုအပ်နေသေးတယ်” ဆိုတာပါပဲ။

အခု ကျွန်တော်တို့ အဲဒီနေရာကို လှုဒါန်းဖို့ စပြီးကြိုးစားနေပါပြီ။အလှုခံတဲ့ပိုစ့်ထဲမှာ ကျွန်တော်တို့ အလှုငွေကို (၂.၄.၂၀၁၂) နောက်ဆုံးထား လက်ခံပေးပြီး လေးလပိုင်း ပထမပတ်ထဲမှာ သွားရောက်လှုဒါန်းမှာ ဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။အလှုရှင်တွေ ကျေနပ်မှုရှိအောင် ရက်အတိအကျ သတ်မှတ်ပေးချင်ပေမဲ့ မရမ်းချောင်းဂေဟာ ဟာ မြို့ တွင်းနဲ့ ခရီးဝေးခြင်း၊ လမ်းမလျှောက်နိုင်တဲ့ ဝေဒနာသည်တွေအတွက် ခြေထောက်လေးတွေ (၀ှီးချဲလ်) ၀ယ်လှုချင်တဲ့အတွက် ရရှိမဲ့အလှုငွေပမာဏကို စောင့်ဆိုင်းလိုတာက တစ်ကြောင်း၊ နောက်ဆုံးတစ်ခုက ကျွန်တော်တို့ သွားလှုမဲ့အချိန်ဟာ သင်္ကြန်ရက်နဲ့ ကပ်နေလို့ လမ်းခရီးကို ညှိနှိုင်းနေရတာကြောင့် တစ်ကြောင်း ကျွန်တော်တို့ သွားလှုမဲ့နေ့ကို အတည်တကျ မပြောနိုင်သေးခြင်း ဖြစ်ပါတယ်။ဒါပေမဲ့ သွားလှုမဲ့နေ့မတိုင်ခင် တစ်ပတ်ကြိုပြီး ကိုယ်တိုင်လိုက်ပါလိုတဲ့ အလှုရှင်တွေကို အွန်လိုင်းကနေ၊ ဖုံးတွေကနေတစ်ဆင့် အသိပေး သွားမှာ ဖြစ်တဲ့အကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်။

“၀မ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း”
အလှုခံပိုစ့်လေး စပြီးဖြန့်ဝေတော့ ဂျပန်နိုင်ငံမှ ကိုရန်နိုင်( နေသ၀န်ရဲ့ အိုအေစစ်)၊မလေးရှားနိုင်ငံမှ မောင်ဘုန်း၊ မိုးဇက်၊ ထိုင်းနိုင်ငံမှ မခရစ္စတယ်၊ မြန်မာနိုင်ငံမှ (ဒေါက်တာ)ကိုသက်တန့်ချို၊ သမီးစံတို့က သူတို့ပါတ်ဝန်းကျင်တွေမှာ ဦးဆောင်ကာ အလှုခံပေးမယ်ဆိုပြီး ကျွန်တော်တို့ကို ဆက်သွယ် လာပါတယ်။တကယ် အားတက်မိပါတယ်။ပြီးတော့ သူတို့တွေ ပါဝင်လာတာကိုလည်း ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်။ ဒီအလှုအတွက် ပံ့ပိုးကူညီမဲ့ မည်သူ့ကိုမဆို ၀မ်းမြောက်ဝမ်းသာစွာ လက်ခံပါတယ်ဆိုတဲ့အကြောင်း ထပ်လောင်းပြောကြားပါရစေ။

“မရမ်းချောင်းအလှုရဲ့ ရည်ရွယ်ချက်”
တကယ်တော့ အနာကြီးရောဂါဟာ ကျွန်တော်တို့နိုင်ငံမှာ အဘက်ဘက်က လိုအပ်ချက်လေးတွေကြောင့် ပျောက်ကင်းအောင် ကုသဖို့ဆိုတာ ခက်ခဲနေပေမဲ့ ဆေးဝါးသောက်သုံးထားကြတာကြောင့် ရောဂါကူးစက်ခြင်း မရှိကြတော့ပါဘူး။ဒါပေမဲ့ လူအချို့ ရဲ့မျက်စိထဲ အမြင်ထဲမှာတော့ ရွံစရာ ကြောက်စရာ ကောင်းတဲ့ ကူးစက်ရောဂါကြီးအဖြစ် သတ်မှတ်နေကြဆဲ ရှိနေကြဆဲပါ။အဲဒါကြောင့်လည်း ဒီဂေဟာလေးဟာ ဒီနေ့အချိန်ထိ လိုအပ်ချက်တွေနဲ့ ပြည့်နှက်နေတာက သက်သေတစ်ခုပါပဲ။နောက်ပြီး အဲဒီရွာလေးမှာရှိတဲ့ မျိုးဆက်သစ်တွေ၊ နောင်တစ်ချိန် နိုင်ငံရဲ့သားကောင်း ဖြစ်လာမဲ့သူလေးတွေ ဒုနဲ့ဒေးရှိပါနေပါလိမ့်မယ်။

သူတို့လေးတွေ အားငယ်နေကြတယ်။မိဘက အနာကြီးရောဂါသည်ဆိုတဲ့ စိတ်ခံစားမှု၊ မပြည့်မစံနဲ့နေရတဲ့ ဘ၀၊ ပညာသင်နေရတဲ့အခြေအနေတွေက သူတို့လေးတွေကို သိမ်ငယ်စေပါတယ်။လူတောတိုးဖို့ သူတို့လေးတွေ မရဲတရဲဖြစ်နေကြတယ်။ဂေဟာရဲ့ စောင့်ရှောက်မှုအောက်မှ အခုလာမဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၀င်ရောက်ဖြေဆိုမဲ့ ကျောင်းသား ကျား/မ ၂၆ဦး အထိ ရှိနေပါတယ်။

ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီအလှုကို ငွေကြေးမြောက်များစွာ မလှုတန်းနိုင်ခဲ့ရင်လည်း ကျွန်တော်တို့ ၀မ်းနည်းကြမှာ မဟုတ်ပါဘူး။ဒီနေရာလေးဟာ တကယ်လိုအပ်နေတယ် လှုဒါန်းဖို့ သင့်တော်တယ်ဆိုတာကို နိုင်ငံအရပ်ရပ်ကို ရောက်နေတဲ့ မြန်မာလူမျိုးတွေ၊ တကယ်လှုမဲ့လူတွေသိရှိသွားရင် ကျွန်တော်တို့ အပင်ပန်းခံရကျိုး နပ်ပါလိမ့်မယ်။မျက်စိနောက်ခံရကျိုး နပ်ပါလိမ့်မယ်။ကျွန်တော်တို့နဲ့ တစ်ကြိမ်တစ်ခါတည်း လိုက်ပါလှုဒါန်းဖို့ မဟုတ်ပဲ “ဒီနေရာကတော့ တကယ်လိုအပ်တယ်ဟေ့..ငါတို့သွားလှုကြမယ်” ဆိုတဲ့ အသိလေးရသွားဖို့အတွက် အဓိက ရည်ရွယ်ပါတယ်ခင်ဗျား..

“ မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်”
စေတနာရှင် အလှုရှင်များခင်ဗျား..
ဟောဒီကမ္ဘာပေါ်မှာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် စေတနာရှင်တို့ရဲ့အကူအညီကိုမျှော်လင့်ရင်း ဘ၀ကိုကြိုးစားရှင်သန်နေကြတဲ့ လူသားတစ်ချို့  ရှိနေပါသေးတယ်ဆိုတာကို သတိရပေးလိုက်ရင်ပဲ ရန်ကုန်တိုင်း၊ ဖောင်ကြီးအလွန်၊ မရမ်းချောင်းကျေးရွာမှာ ရှိနေတဲ့ မြန်မာလူမျိုး အနာကြီး -ရောဂါသည် ဝေဒနာရှင်တွေက ကျေးဇူးတင်နေရင်း သူတို့အသက်ရှင်ရပ်တည်မှုအတွက် အင်အားတွေ တိုးပွားလာကြမှာပါ။ငါတို့ကို ပစ်မထားဘူး ဆိုတဲ့ အသိစိတ်လေးနဲ့ သူတို့လေးတွေရဲ့ မျိုးဆက်လေးတွေ လောကထဲကို ဖြန့်ကျက်တိုးဝင်ဖို့ အင်အားတွေ တိုးပွားလာကြမှာပါခင်ဗျား..။ ကဲ..ကျွန်တော်တို့ရဲ့ ရှင်သန်ခြင်းတွေကို မျှဝေလိုက်ကြရအောင်ဗျာ..။

ထပ်လောင်းနှိုးဆော်လိုတာက ၂.၄.၂၀၁၂ မတိုင်ခင် အောက်ပါ အကျိုးတော်ဆောင်တွေကို ဒေသအလိုက် ဆက်သွယ် လှုဒါန်းနိင်တဲ့အကြောင်း ထပ်လောင်းလိုက်ပါရစေ..။
 MMYG
www.mudita-mmyg.blogspot.com/
mmyg.mudita@gmail.com
+၆ ၀၁၇ ၇၃၄၈ ၂၉၂

ဗြိတိန်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com

+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

အမေရိက
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com

+၁၂၀ ၁၈၈၈ ၉၇၅၁
စင်ကာပူ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com

+၆၅ ၉၀၂၂ ၁၈၀၇

+၆၅ ၉၈၈၂ ၉၀၇၈

၂။မဒမ်ကိုး

celestial.whiteangle@gmail.com

+၆၅ ၈၃၇၅ ၁၀၆၉
ဂျပန်
နေဝသန်@ ရန်နိုင်
nay.naywathan@gmail.com
+၈၁ ၈၀ ၃၈၅၂ ၅၂၁၄
မလေးရှား
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com

+၆၀ ၁၆၃၂ ၄၉၆ ၉၁

၃။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁

၎။မိုးဇက် (ကလန်း)
bloggermoses@gmail.com
 
ထိုင်ဝမ်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
jerrypigpig@gmail.com 
 +၈၈၆ ၉၃၀ ၄၁၃ ၂၂၀

ထိုင်း
မခရစ္စတယ်
blissofus@gmail.com
+၆၆၈ ၅၁၁၃ ၇၇၂၂

မြန်မာ
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com

+၉၅၁ ၆၄၃ ၀၈၆ 

၂။(ဒေါက်တာ)ကိုသက်တန့်ချို
thettantblog@gmail.com
+၉၅၉ ၄၃၀၅ ၅၈၅၁

၂။သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃
မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်..
လေးစားစွာဖြင့်
MMYG ကိုယ်စား
ကိုရင်
17:58( GMT )

သတင်းအချက်အလက်များအား မရမ်းချောင်းအနာကြီးရောဂါသည်များ စောင့်ရှောက်ရေးဂေဟာနှင့် www.leprochelp.org မှ ရယူပါသည်။



2 comments:

Unknown said...

အေးဗျာ တစ်ကယ်လိုအပ်နေတာက တစ်ကြောင်း
ဂေါပကကြီး အရေးအသားကောင်းတာကတစ်မျိုး
..အနော်ဖြင့် ပုဆိုးတောင်ချွတ်လှုချင်လာပြီ..


ဒုတိယ

Candy said...

ညီမ လှူပြီးပြီ :D :D