Sunday 15 January 2012

စက်ဆန်းပေါက်ကွဲမှုအလှုပြီးစီးခြင်း ( ၁ ) (ဓါတ်ပုံ + အင်တာဗျူးအသံဖိုင်)

အားလုံး မင်္ဂလာပါခင်ဗျား။(၂၈.၁.၂၀၁၁)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စက်ဆန်းပေါက်ကွဲမှုအတွက် ကျဆုံးသွား ကြတဲ့ မိသာစုဝင်တွေ၊ဆေးဝါးကုသမှုခံယူနေရတဲ့ မိသားစုဝင်တွေကို လှုဒါန်းနိုင်ဖို့အတွက် ကျွန်တော်တို့ေ -တွ ဗြိတိန်၊ အမေရိက၊  စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်နဲ့ မြန်မာနိုင်ငံတို့မှာ အလှုငွေတွေ လက်ခံရရှိခဲ့ပါ တယ်။ပါဝင်လှုဒါန်းကြတဲ့ အလှုငွေစုစုပေါင်း ၂,၁၂၁,၆၂၅ကျပ်တိတိ(နှစ်ဆယ့် တစ်သိန်း နှစ်သောင်း တစ်ေ -ထာင့် ခြောက်ရာ နှစ့်ဆယ့် ငါးကျပ်တိတိ) ရရှိခဲ့ပါတယ်။အလှုငွေလည်း ရပြီ။ လှုဒါန်း လို့လည်း ရပြီ။ဒါပေမဲ့ နိုင်ငံစုံ က ဘော်ဒါသူငယ်ချင်းတွေ ပါဝင်နေတာကြောင့် ဒီအလှုအဖွဲ့ကိုတော့ နာမည်လေးတစ်ခုခု ပေးမှ ဖြစ်မယ် လို့ အကြံပြုကြည့်တော့ အရှင်ဇနက(အင်္ဂါမောင်)က “မြန်မာမုဒိတာလူငယ်များအဖွဲ့” (Myanmar  Mudita Youth Group – MMYG ) လို့ ကင်ပွန်းတပ်ပေးခဲ့တယ်။
 

ဒီနေ့မှာ မြန်မာနိုင်ငံမှ အဖွဲ့ဝင်ကိုကျာ်စွာစိုးမြတ်နဲ့ သူငယ်ချင်းများဟာ အလှုငွေတွေကို သွားရောက်ပေး အပ် ကြပါတယ်။သေဆုံးသွားကြသော မီးသတ်အဖွဲ့ဝင် (၅)ဦးအတွက် တစ်ဦးလျင်ကျပ်၂၀၀,၀၀၀စီ၊ (၅ဦးအတွက် စုစုပေါင်း ကျပ်ဆယ်သိန်း)၊မီးဘေးကြောင့် ဆိုးဝါးစွာ ထိခိုက်ဒဏ်ရာရပြီး ဆေးဝါးကုသနေ ရသော လူနာဆယ်ဦးအတွက် တစ်ဦးလျင် ကျပ်၁၁၂,၁၆၀ကျပ်(တစ်သိန်းတစ်သောင်း နှစ်ထောင့် တစ် -ရာ ခြောက်ဆယ်ကျပ်)၊(ဆယ်ဦးအတွက် စုစုပေါင်း ၁,၁၁၂,၁၆၀ ကျပ်) ကို သွားရောက်လှုဒါန်းခဲ့ပါတယ်။ အားလုံးပဲ ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုနိုင်ကြပါစေ။

မှတ်ချက်။..။ယခုလို အလှုဓါတ်ပုံများ တင်ပေးရခြင်းသည် ကြွားဝါခြင်း၊လက်ခံရရှိသူများအား အရှက်ရစေ လိုခြင်း မဟုတ်ပဲ နိုင်ငံစုံမှ ပါဝင်ခြင်းကြောင့် မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ယုံကြည်မှုကို တည်ဆောက် ခြင်း၊အများသူငါ မုဒိတာပွားနိုင်ရန်သာ ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။)



၁။ တပ်ကြပ်ကြီး ရဲသူရဇော်ဌေး = ၂၀၀၀၀၀ ကျပ် (ဇနီး မသီတာအုန်း မှ လက်ခံရယူသည်)။

 ၂။ တပ်ကြပ် ရဲသီဟ တင်စိုး = ၂၀၀၀၀၀ ကျပ် (ဇနီး မဇာခြည်ဆန်းမှ လက်ခံရယူသည်)

၃။ တပ်သား ရဲသူရမျိုးကျော်ကျော် = ၂၀၀၀၀၀ ကျပ် (မိခင် ဒေါ်အေးအေးမြင့်မှ လက်ခံရယူသည်)



၎။ တပ်သား ရဲသူရသော်ဇင်မျိုးထက် = ၂၀၀၀၀၀ ကျပ် (မိခင် ဒေါ်တင့်တင့် မှ လက်ခံရယူသည်)



 
 ၅။ တပ်သား ရဲသူရအောင်အောင် = ၂၀၀၀၀၀ ကျပ် (မိခင်ဖြစ်သူမှ လက်ခံရယူသည်)။

ဆက်လက်ပြီး ဒဏ်ရာရရှိသူများကို သွားရောက် လှုဒါန်းကြပါတယ်။





၁။ ကိုသီဟမျိုး (ဦးနှောက်နှင့် အာရုံကြောဆေးရုံတွင် ဆေးကုသခံယူလျက်ရှိ -ဇနီးမှ လက်ခံရယူသည်)
၂။ ကိုသန်းထွန်း (ရန်ကုန်ဆေးရုံကြီး အဆောင် ၃/၄ တွင်ဆေးကုသခံယူလျက်ရှိ -ဇနီးမှ လက်ခံရယူသည်။ ဓါတ်ပုံမရရှိခဲ့ပါ။)

၃။ ကိုဇော်ထိုက်စိုး ကိုယ်တိုင် လက်ခံရယူသည်။

 

၎။ ကိုဟိန်းဇော်အောင် ကိုယ်တိုင် လက်ခံရယူသည်။


၅။ ကိုထွန်းထွန်းလင်း ကိုယ်တိုင် လက်ခံရယူသည်။


၆။ ကိုမျိုးမင်းသူ ကိုယ်တိုင် လက်ခံရယူသည်။


၇။ ကိုစည်သူ ကိုယ်တိုင် လက်ခံရယူသည်။


၈။ ဦးကျော်သူရ (ကျောက်တံတား မီးသတ်မှ) ကိုယ်တိုင် လက်ခံရယူသည်။


၉။ ဦးအောင်မြင့် (စမ်းချောင်း မီးသတ်မှ) ကိုယ်တိုင်လက်ခံရယူသည်။


၁၀။ကိုမျိုးသူအောင် ကိုယ်စား တပ်ကြပ်ကြီး ဒေါ်သန်းသန်းဌေးမှ လက်ခံရယူသည်။
အင်တာဗျူး အသံဖိုင်ကိုတော့ edit လုပ်စရာလေးတွေ ရှိလို့ နောက်နေ့မှ တင်ပေးပါမည်ခင်ဗျား။

ဆက်လက်ဖော်ပြပါမည်>>>> 

No comments: